ချစ်ခွင့်မရှိ - 8

6.4K 562 55
                                    

Zawgyi

Jung Kook သူ့အခန်းထဲ Seok Jin ကို အတင်းဆောင့်သွင်းပြီး တံခါးကို လော့ချပလိုက်သည်။

Seok Jin မှာ Jung Kook ကိုကြောက်လွန်းသဖြင့် ဒူးတွေတုန်ပြီး အခန်းထောင့်လေးမှာ သွားကပ်နေ၏။

"ဟက်...ခုမှ ကြောက်နေတာလား....ဟမ်"

Seok Jin ဆံပင်ကို ဆောင့်ဆွဲရင်း ခေါင်းမော့ခိုင်းလိုက်ပြီး သူမေးလိုက်တော့ အားပါတာကြောင့် Seok Jin နာသွားပြီး အသံထွက်လာသည်။

"အ့...အစ်...အစ်ကိုလေး"

"ပြောစမ်း မင်းကိုငါ ဘယ်လိုအပြစ်ပေးရမလဲ"

Jung Kook အသံမှာ မာကြောခက်ထန်နေသည်က ဘယ်လောက်ဒေါသထွက်နေကြောင်း သိသာစေ၏။

"အစ်ကိုလေး ကြိုက်တဲ့ အပြစ်ပေးပါ ကျွန်တော်ခံယူပါ့မယ်"

Jung Kook သူ့ကို Tae Hyung နဲ့ အကြောင်းရှင်းပြပြီး တောင်းပန်မလားဆိုပြီး အတင်းအစ်အောက်ပြီး ပြောနေပေမယ့် Seok Jin ဆီက အပြစ်ခံယူမယ်ဆိုတာချည်းပဲ ကြားနေတော့ လူက ဒေါသတွေထွက်လာရပြန်သည်။

"မင်းက ဘယ်လိုအပြစ်ပေးပေး ရတယ်ပေါ့"

"ဟုတ်..ကျွန်...ကျွန်တော့ကို ကြိုက်သလို အပြစ်ပေးပါ...အစ်...အစ်ကိုလေး"

"ဟက်......"

Jung Kook ညစ်ကျယ်ကျယ် ပြုံးပြီး Seok Jin ကို အားနဲ့ဆွဲထူလိုက်တော့ ပေါ့ပါးလွန်းတဲ့ခန္တာကိုယ်လေးက သူ့လက်ထဲ အရုပ်ကလေးတစ်ရုပ်လို စွေ့ကနဲပါလာသည်။
ပြီးတာနဲ့ Seok Jin ကို အားနဲ့တွန်းပြီး နံရံနဲ့ကပ်လိုက်တော့ Seok Jin ကျောလေး အောင့်ကနဲ...

"အ့..."

ခုဆို Seok Jin ဟာ ထွက်ပြေးလို့မရအောင်ကို Jung Kook ရင်ခွင် နဲ့ နံရံကြားမှာ ညပ်နေလေ၏။

Jung Kook  Seok Jin ပါးကို ခပ်ကြမ်းကြမ်းကိုင်လိုက်ပြီး Jung Kook မျက်နှာဟာ တဖြည်းဖြည်း Seok Jin ရှေ့တိုးလာသည်။
Seok Jin လဲ ရှေ့ဆက်ဖြစ်မဲ့အရာကို သိသွားပြီး

"အစ်ကိုလေး ဒီလိုမလုပ်...အွတ်..."

Seok Jin တားလို့တောင် မဆုံးသေးခင် သူ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိကပ်လာသော နှုတ်ခမ်းပါးလေး။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now