𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(24)

Start from the beginning
                                    

ဆော့ဂျင်​လည်​​ချောင်းက နာ​နေတာ​ကြောင့်​ စကားတစ်​ခွန်း​ပြောဖို့​တောင်​ အားယူ​နေရရှာသည်​..။
မျက်​ဝန်းထက်​မှလည်း မျက်​ရည်​စတို့ကလည်း အပြင်​ဘက်​တွင်​ရွာ​နေသည့်​ မိုးတို့နှင့်​အပြိုင်​  အဆက်​မပြတ်​စီးကျလာသည်​..။

ဆော့ဂျင်​ ဖြစ်​​နေသည့်​ ပုံစံကိုကြည့်​ပြီး အရှင်​ယွန်းဂီသည်​ အသက်​မပါစွာ ပြုံးရယ်​ရင်း..။

"မင်း ကိုယ့်​အ​ပေါ် သစ္စာမ​ဖောက်​ပါဘူးလို့ သစ္စာဆိုထားတာကို​မေ့​နေတာလား ကိုယ်​လုပ်​​တော်​ကင်​မ်​ သစ္စာဆိုထားပြီးမှ အဆက်​​ဟောင်းနဲ့ သွား​တွေ့မလို့လား"

ဆော့ဂျင်​ကုတင်​​အောက်​သို့ ဆင်းပြီဒူး​ထောက်​ကာ အရှင်​ယွန်းဂီရဲ့ ​ခြေ​ထောက်​ကို သူ့​ခေါင်းနှင့်​ထိ​တွေ့ပြီး လက်​အုပ်​ချီကာ ​တောင်းပန်​​တော့သည်​..။

"​တောင်း ပန်​ ပါ တယ်​ အဟင့်​ ကျွန်​ ကျွန်​​တော်​ ဂျွန်းကို အရမ်းလွမ်း ​နေ အဟင့်​ လွမ်း ​နေ လို့ ပါ "

မိမိ​ခြေရင်းတွင်​ ပုံ့ပုံ့​လေးထိုင်​ပြီး လက်​နှစ်​ဖက်​ကို မီးထွက်​မတတ်​ပွတ်​ကာ ​တောင်းပန်​​နေ​သော ​​ဆော့ဂျင်​​ကြောင့်​ ​ဒေါသက ထွက်​လာသည်​..။

ဆော့ဂျင်​ကို လက်​​မောင်းနှစ်​ဖက်​က​နေ ဆွဲထူမပြီး ကုတင်​​ပေါ်သို့ပစ်​တင်​ကာ ပါးပြင်​မို့မို့​လေးကိုလည်း ဘယ်​ပြန်​၊ညာပြန်​ ရိုက်​နှက်​သည်​..။
ဆော့ဂျင်​မှာလည်း နာကျင်​လွန်း၍ အသံ​တောင်​မထွက်​​တော့။

"ကင်​မ်​​ဆော့ဂျင်​ အလိုလိုက်​ထား​တော့ အ​မောက်​က​ထောင်​ချင်​လာပြီ​ပေါ့ဟမ်​ မင်းကမ်းတက်​မလာနဲ့ ​သေဒဏ်​ဆိုတာ မရှိဘူး ထင်​​နေလား ဒီအထဲဝင်​လာကြစမ်း"

အရှင်​ယွန်းဂီသည်​ အပြင်​ဘက်​မှ အ​စေခံများအား ​အော်​​ခေါ်သည်​..။
ဆော့ဂျင်​မှာလည်းကုတင်​​ထောင့်​​လေးတွင်​ကပ်ထိုင်​ရင်း တစ်​သိမ့်​သိမ့်​ရှိုက်​ ငို​နေမိသည်​..။

"ဒီအ​ဆောင်​ကို လုံခြံ​ရေးတိုးမြှင့်​ ဘယ်​သူမှအဝင်​မခံနဲ့ အထွက်​မခံနဲ့ ကြားလား "

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now