Fourth String (Z+U)

Começar do início
                                        

" မင်း ဘာလိုချင်တာလဲ... ။ "

" Kim Taehyung ကို... "

ဖြေပုံက ထပ်ပြီးတော့ ထိုးပစ်ချင်စရာ... ။

" မင်း...မင်း ပြောလိုက်တဲ့ စကားကို မင်းပြန်
နားထောင်ကြည့်ဦး...။ မင်းက သေပြီးသား
လူ... သူ့နားမှာ နေခွင့်ရှိတယ်များ ထင်နေ
တာလားဟင်...။ နေခွင့်ရှိတောင် ငါက နေခွင့်
မပေးနိုင်ဘူး..."

" ကျွန်တော်တို့ကြားက နှောင်ကြိုးကို ခင်ဗျား
ဖြတ်နိုင်မယ်ထင်လို့လား... ။ ကောင်လေး
ဖက်ကမှ လိုလိုလားလားနဲ့ မဖြတ်ရင် ကျွန်
တော် သူ့ဘေးမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ
တစ်သက်လုံး နေလို့ရတယ်...။"

" Jung Hoseok... မင်း... "

သူ့စကားမဆုံးခင် ဖြတ်ပြောသည်...။

" ဒါပေမယ့် ကျွန်တော် မနေနိုင်ဘူး... ။ ကျွန်တော် ခုနစ်နှစ်လုံး ထိပ်ဆုံးရောက်
အောင် ကြိုးစားခဲ့တာ ဒီလို မထိနိုင်မကိုင်နိုင်၊
လူမြင်မခံနိုင်တဲ့  ဝိညာဉ်ဘဝနဲ့ သူ့ဘေးမှာ​နေနိုင်ဖို့မဟုတ်ဘူး... ။"

"........."

" အဲ့ဒါကြောင့် ကျွန်တော့်ကို ကူညီပေးပါ.."

လေတစ်ချက် အဝှေ့တွင် သူ့ရှေ့က လူသား
မဟုတ်သူ၏ ဆံပင်များက လူသားဆန်စွာ
ဝဲလွင့်သည်...။ သူ့မျက်လုံးကို စူးစိုက်ကြည့်
နေသော မျက်လုံးအစုံထဲတွင်တော့ တည်ငြိမ်
မှု နှင့် ပြတ်သားမှုက အထင်းသား...။

သူဆက်ပြောမည့်စကားကို ဆက်နားထောင်
ဖို့ Yoongi ၏ မသိစိတ်က တွန်းအားပေးနေ
သည်။ Min Yoongi ၏ မသိစိတ်က သတိပေး
လျှင် လွဲတတ်သည်ဆိုတာမရှိ...။

" ဘာကို ကူညီရမှာလဲ... "

ကိုယ့်ညီလေးလို ချစ်ခင်ရသူနှင့် အနီးစပ်ဆုံး
ဆက်နွယ်နေသော ထိုသူသည် Yoongi ပုံမှန်
မြင်နေကျ ပရလောကသားများနှင့် မတူ...။
ထိုသူနှင့် ပက်သက်သည့် တစ်စုံတစ်ခုက ထူး
ခြားနေသည်...။

" ကျွန်တော့် ခန္ဓာကိုယ်ကို ရှာပေးပါ... ။ "

Hoseok ၏ စကားအဆုံး Yoongi ရဲ့ မျက်လုံး
များ ပြူးကျယ်ဝိုင်းစက်သွားသည်...။

" မင်း...မင်း ဆိုလိုတာက... "

" ကျွန်တော် တကယ်မသေသေးဘူး... Min
Yoongi-shi ။ အဲ့ဒါကြောင့် ကျွန်တော့်ကို
ပြန်နိုးထလာနိုင်အောင်လုပ်ပေးပါ... ။ ဒါက
ယင့်ယန် မျက်လုံးရှိတဲ့ ခင်ဗျားပဲ လုပ်ပေးနိုင်
မှာ... "

Strings of Fate Onde histórias criam vida. Descubra agora