Fourth String (Z+U)

Start from the beginning
                                        

" မင်းဖက်ကသာ စ မလုပ်ခဲ့ရင် Taehyung
လက်မှာ ကံကြမ္မာနှောင်ကြိုး ရှိနေမှာ မဟုတ်
ဘူး...။ ဒီအကြောင်းတွေကို သူသိရင် မင်း
ကို လက်ခံမယ်များ ထင်နေလား "

" ကောင်လေးဖက်ကသာ ကျွန်တော်နဲ့
ပေါင်းဖက်ချင်တဲ့ ဆန္ဒမရှိရင်လည်း ဘာမှ
ဖြစ်လာမှာ မဟုတ်ဘူး...။ ပြီးတော့ကျွန်တော် ဒီလို ဖြစ်နေတာ သိသွားရင် သူကိုယ်တိုင်က
ကျွန်တော့်ကို လိုလိုလားလားလက်ခံမှာ"

"မင်း...Taehyung ကို ဘယ်လို လူစားမျိုး
လို့ ထင်နေတာလဲ... ။ မင်းလိုလူနဲ့များ...  "

ထိုအခါ Hoseok က ယုံကြည်မှု အပြည့်ရှိ
နေပုံဖြင့် ပြန်ဖြေသည်။

" သူက အဲ့ဒီလို ကောင်လေးမို့လို့... ။ သူ့
ကိုယ်သူထက် သူများအတွက် အရင် စဉ်းစား
တတ်တဲ့ သူမို့ ကျွန်တော့်ကို သေချာပေါက်
နားလည်ပေးမှာပဲ... "

Yoongi ဒေါသထွက်လွန်း၍ ထိုသူ့ကို ဆွဲထိုး
မိသည်...။ နဂိုကတည်းက ဝိညာဉ်စွမ်းအား
မြင့်သူမို့ သူထိုးချက်ကို ခံရသော သရဲ၊ တိစ္ဆေ
မကောင်းဆိုးဝါးမှန်သမျှ အထိနာသည်သာ...။
သို့သော် ထိုသူကတော့ ဘာမျှမဖြစ်သည့်အ
လား ပြုံး၍ပင်ပြလိုက်သေးသည်...။

" အဲ့ဒါနဲ့ပဲ... သူ့ကို အခွင့်ကောင်းယူရလား...
မင်း တော်တော်ကို ယုတ်မာတဲ့ကောင်..."

" ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားက အတော်မြင့်
သားပဲ...။ကျွန်တော်သာ သာမန် ဝိညာဉ်ဆို
ရင် ခင်ဗျားရဲ့ လက်သီးတစ်ချက်နဲ့ တင် လွင့်
သွားလောက်ပြီ။ ဒါပေမယ့် ကျွန်တော့် စွမ်း
အားက ပိုမြင့်နေတယ်...။"

" ငါ မင်းကို မသတ်နိုင်ဘူးထင်နေတာလား "

" ခင်ဗျားသာ အားကုန်ထုတ်ရင်သေချာပေါက်
ကျွန်တော့်ကို သတ်နိုင်ပါတယ်...။ ဒါပေမယ့်
ခင်ဗျားမလုပ်ရက်ပါဘူး...။ ကျွန်တော်နဲ့
ကောင်လေးရဲ့ ဝိညာဉ်က တစ်သားတည်းဖြစ်
ပြီးနေပြီ...။ ကျွန်တော့်ကို ထိခိုက်အောင်
လုပ်တာ ကောင်လေးကို ထိခိုက်စေတာနဲ့
အတူတူပဲဆိုတာ ခင်ဗျား သိတယ်လေ...။"

သူ ပြောသမျှက အမှန်တွေပဲမို့ လက်သီးသာ
ကျစ်ကျစ်ပါအောင် ဆုပ်ရင်း Yoongi စိတ်ထိန်းထားရသည်... ။ သဘာလွန်လော
ကကြီးရဲ့ စည်းမျဉ်းတွေကို သူ့လောက်နီးနီး
သိနေသော ထိုသူသည် ပေါ့သေးသေးတော့
မဟုတ်...။

Strings of Fate Where stories live. Discover now