Fourth String (Z+U)

Magsimula sa umpisa
                                        

.....................☄☄☄☄☄......................

အထက်ပါအဖြစ်အပျက်များနှင့် တစ်ချိန် တည်း အခြားတစ်ဖက်တွင်တော့ ...

ဆောင်းဦးညနေဖြစ်၍ နေ့အလင်းရောင်ဟူ၍
စိုးစဉ်မှမရှိတော့ပဲ လမ်းမီးရောင်တို့ကသာ
ထိန်ထိန်လင်းနေသည်။ ဆိတ်ငြိမ်ရပ်ကွက်
ဖြစ်သည့်အတိုင်း လူသွားလူလာနည်းပြီး
ဖြတ်သွားသည့် ကားတစ်စီးတစ်လေသာရှိ
သည် ။

Yoongi သည် ခပ်သွက်သွက်ခြေလှမ်းတို့
ဖြင့် ဒီထက့်ပို လူခြေတိတ်သည့်နေရာကို
ရှာနေသည်..။ သူ မှတ်ထားတာမလွဲလျှင်
အခုသွားနေသည့် လမ်းထောင့်ချိုးတွင် ကလေးကစားကွင်းလေး ရှိလိမ့်မည်။ ဒီချိန်မှ
တော့လူမရှိနေမှာ သေချာသလောက်။နောက်
ကနေ ပါလာမည်မှာ သေချာသောသူကို ပြန်
လှည့်မကြည့်ပဲ ထိုနေရာကိုသာ ဦးတည်
သည်။

ထင်ထားသည့်အတိုင်းပင် ဘယ်သူမှမရှိ...။
လမ်းသွားလမ်းလာတွေလည်း ကင်းစင်နေ
တာမို့ အိတ်ကပ်ထဲက အဆောင်ကို ထုတ်
လိုက်ပြီး သူနဲ့ မလှမ်းမကမ်းတွင် ရပ်နေသူ
ကို လှည့်ကြည့်လိုက်သည် ။ သူ၏ စူးရှသည့်
အကြည့်တို့က ထိုသူ့အပေါ်တွင်တော့ နည်း
နည်းမှ သက်ရောက်သည့်ပုံမပေါ်...။

" ဘာလို့ သေပြီးသား လူတစ်ယောက်က
Taehyung နားမှာ ရှိနေရတာလဲ ပြောပြပေး
ပါလား... Jung Hoseok -shi"

အထက်တန်းလွှာတွေနဲ့ ပေါင်းသင်းဆက်ဆံ
နေရသူမို့ Hoseok ကို သိနေသည်က မထူး
ဆန်းလှ... ။ Hoseok ကတော့ မေးသည်ကို မဖြေပဲ သူ့အကြောင်းကို သိနေသလို အကြည့်နှင့် ပြောသည်က...

" ထင်ထားတဲ့အတိုင်း... ခင်ဗျားမျက်လုံး
အောက်ကတော့ မလွတ်နိုင်ဘူးပဲ...။ အင်းလေ... ယင့်ယန်(Yin-Yang) မျက်လုံးရှိ တဲ့သူ ဆိုတော့လည်း ကျွန်တော့်ကို မြင်နိုင် တာ မဆန်းပါဘူး...။"

" ဘာလို့ Taehyung နားမှာ ကပ်ပါးကောင်
လို တွယ်ကပ်နေရတာလဲ မေးနေတာ...။ အရေးမပါတာတွေနဲ့ စကားလွှဲမနေနဲ့... ။ "

" ကောင်လေးရဲ့ လက်ကဟာကို တွေ့ပြီးပြီ မလား။ခင်ဗျားက ဒီလောကနဲ့ ကျွမ်းဝင်နေတဲ့ သူပဲ။ကျွန်တော် ထပ်ပြီးတော့ ရှင်းပြစရာမလို ဘူးထင်တာပဲ..."

Strings of Fate Tahanan ng mga kuwento. Tumuklas ngayon