ပိုဆိုးစေသည်က ထိုနေ့က အဖြစ်အပျက်
များကို တစ်ကွက်စီပြန်မြင်နေရခြင်း... ။ သူ့
လက်ကို ကိုင်ထားခဲ့တာတွေ... ဖြည်းဖြည်း
ချင်း နှစ်ယောက်အတူတွဲ လျှောက်ခဲ့တာ
တွေ...ပြီးတော့ သူတို့ နှစ်ယောက်က လက်
ထပ်ခဲ့ကြတာ တဲ့...။ ပြီးတော့ ' ကိုယ့်အတွက်
က သရုပ်ဆောင်နေတာမဟုတ်ဘူး ' ဆိုတာ
ုကကော ဘာလဲ...။ ဘာကို ဆိုလိုလိုက်တာ
လဲ...။ ထိုသူ့အတွက်က တကယ့် မင်္ဂလာ
ဆောင်ဆိုတဲ့ သဘောလား...။ အဲ့ဒီတော့ သူ
က Taehyung ရဲ့... ယောကျာ်း...
"Ahhhhhhhhh...... "
တဒုန်းဒုန်းနှင့်ခုန်နေသည့် နှလုံးသားက အ
ပြင်ထွက်တော့ မတတ်...။ နားထဲမှာ အတိုင်း
သား ကြားနေရတဲ့ အထိ... ။
" ငါတော့ သူလုပ်တာနဲ့ ရင်အခုန်လွန်ပြီး
သေတော့မှာပဲ... "
အကူအညီလိုနေသည့် သူ့ကို အချိန်ကိုက်
ပင် ကယ်တင်ရှင်ပေါ်သည်...။ တဒီးဒီး တုန်
နေတဲ့ ဖုန်းကို ထုတ်ကြည့်လို့တော့ ခေါ်ဆို
သူက Taehyung မထင်ထားတဲ့သူ... ။
ကိုယ့်နှလုံးခုန်သံကို သေချာပြန်ထိန်းကာ
'အဟွန်း အဟမ်း ' လုပ်ပြီး လည်ချောင်းရှင်း
ပြီးမှ ဖုန်းကိုင်ရသည်... ။
" ဟယ်လို... ဒါရိုက်တာလီ... "
"............."
"အာ... အခုလား။အခုက နည်းနည်း..."
".............."
"သြော်...ဟုတ်ကဲ့...။ ဟုတ်...အဲ့ဒါဆို အခု
ပဲ လာခဲ့လိုက်ပါ့မယ်..."
".............."
" ဟုတ်...ဒါပဲနော် "
တော်ရုံတန်ရုံအရေးကြီးသည်သာ မဟုတ်
လျှင် ဒီလိုချက်ချင်းတွေ့ဖို့ ပြောလိမ့်မည် မ
ဟုတ်...။ အတော်ပဲဖြစ်သွားသည်...။ Taehyung လည်း ဒါရိုက်တာကြီးကို မေးစရာ
တွေ ရှိနေတာကြောင့်... ။
Jin Hyung တို့ကိုတော့ မျက်နှာချင်း မဆိုင်ရဲ
သေးသည်မို့... အပြင်ခဏ သွားဦးမည်ဖြစ်
ကြောင်းသာ Msg ပို့ထားလိုက်သည်... ။
ရှက်တာတွေကို ခဏခေါက်သိမ်းထားပြီး
ကိုယ့်ကို မလှိမ့်တပတ်လုပ်သွားသော အချစ်
ဦးကြီး အကြောင်းကို ဒါရိုက်တာကြီးဆီက ရအောင် ခြိမ်းခြောက်အစ်အောက်မေးရန်
ဆုံးဖြတ်ချက်ဖြင့် Taehyung ၏ ခြေလှမ်းတို့
သွက်လက်နေခဲ့သည် ။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fourth String (Z+U)
Start from the beginning
