မျက်နှာတင်မက တစ်ကိုယ်လုံးပါ ကျစ်ကျစ်
တောက် ပူတက်လာသလိုပင်...။ မှန်ပြေး
ကြည့်စရာမလို အခုချိန်မှာ မျက်နှာတစ်ခု
လုံး ရစရာမရှိအောင် နီရဲနေတော့မှာ...
" Tae...Taehyung အဆင်ပြေရဲ့လား..."
အကုန်လုံးကလည်း သိသိသာသာကို နီမြန်း
လာသည့် Taehyung မျက်နှာကို ကြည့်ရင်း
မေးသည်...။ ထို့ကြောင့် ထိုင်ရမှ ထကာ...
" ရတယ်...Hyung...Hyung တို့ ဆက်စား
ထားနှင့်လိုက်ကြ... ကျွန်တော် အ...အပြင်ကို
လေကောင်းလေသန့်လေး...လေညင်းပါ
ရအောင် သွားလိုက်ဦးမယ်..."
ဘာတွေပြောမိမှန်းလည်းမသိ...။ ဆက်နေ
နေလျှင် ဒီ့ထက်ပို ရှက်နေရုံသာရှိတော့တာ
မို့ ကမန်းကတန်းပင် အပြင်ကို ပြေးထွက်ခဲ့
တော့သည်... ။
"Taehyung... "
လှမ်းခေါ်သည်ကိုတောင် ပြန်လှည့်မကြည့်
တော့ပဲ အမြန်ပြေးထွက်သွားသော Taehyung နောက် Jimin က လိုက်မည်ကြံ
တော့ Namjoon ကတားသည်...။
" သူလည်း ရှက်သွားမှာပေါ့... ထားလိုက် ထား
လိုက်...အရှက်ပြေတာနဲ့ ပြန်လာလိမ့်မယ်။
အဲ့ကျရင် ပြန်အစမဖော်နဲ့ ကြားလား "
" ဒါပေမယ့်... "
" ဒါပေမယ့် မနေနဲ့...စားစရာရှိတာသာစား ။
Taehyung က သူ့ဖာသာ ကြည့်လုပ်လိမ့်
မယ်...။ မင်းလိုက်သွားလည်း ပိုဆိုးတာပဲ
ရှိမှာ..။"
Jin ကဝင်ပြောတော့မှ Jimin လည်း ငြိမ်ကျ
သွားသည်... ။
" အဲ့ဒီ ဒါရိုက်တာလီက တော်တော်ဉာဏ်
များတာပဲ...။ ငါတို့ Taehyung လို အဖြူ
ထည်လေးကို မလှိမ့်တပတ်နဲ့ ကောင်းကောင်း ကြီး အသုံးချ သွားတယ်။တစ်ရက်
လောက်တော့ သွားတွေ့ဦးမှပဲ... ။ ဟင်း...
ဟင်း..."
Jin ရဲ့ အဆိုကို Namjoon ကပါ ထောက်ခံ
ရင်း လူမိုက်ပြုံးကြီးပြုံးနေကြသောကြောင့်
ဒီ PaPa Bear တွေရဲ့ အကြောင်းကိုသိနေ
သည့် Jimin က ထို ဒါရိုက်တာလီအတွက်
ဘေးကင်းပါစေကြောင်း စိတ်ထဲကသာ ဆု
တောင်းပေးလိုက်တော့သည်...။
.
..
...
ထိုအချိန်မှာ Taehyung ကတော့ အိမ်ထဲက ပြေးထွက်လာပြီး ခြံရှေ့က အုတ်ခုံပေါ်မှာ
ငုတ်တုတ်ထိုင်ချလိုက်သည်...။ မျက်နှာကို
လက်နဲ့ အုပ်ထားပြီး ဘေးကရဲရဲနီနေသော
နားရွက်များက အရှက်မပြေသေးကြောင်း
ပြောပြနေသည်...။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fourth String (Z+U)
Start from the beginning
