" သြော်... အဲ့လိုကိုး... "
" Rin Kim ကို သိတယ်မလား... "
Jung Group အကြောင်းပြောနေရင်းမှ
ဘယ်လိုများ ဒီအမျိုးသမီးကြီး အကြောင်းနှင့်
ဆက်စပ်သည်မသိ... ။ သို့သော် အလွန်ဝမ်း
နည်းနေပုံရသည့် ပုံရိပ်ကို ပြန်မြင်ယောင်
လာမိသည်...။
" သိတာပေါ့..။ ဒီလောက်နာမည်ကြီး တယောပညာရှင်ကြီးကို... ။ အရင်နှစ် အငယ်
တန်း တယောပြိုင်ပွဲမှာ ဒိုင်လုပ်တုန်းက မြင်ဖူးလိုက်တယ်...။ အရမ်းနုပြီး ချောတာမှ
အသက် ငါးဆယ်လို့တောင်မထင်ရဘူး... "ဟု
အနင်ပြေသွားတဲ့ Jimin က အခုမှ ပြောကွက်
ရသလို ခပ်သွက်သွက်ဝင်ပြောသည်...။
"အဲ့ဒီ Rin Kim က ဥက္ကဌ Jung ရဲ့ အရင် မိန်းမ...။ ကွာရှင်းလိုက်တာတော့ တော်
တော်ကြာပါပြီ... ။ အခု ဆုံးသွားတဲ့ MD က Rin Kim ရဲ့ သားလေ ..."
" သြော်... အဲ့ဒါကြောင့်ကိုး... "
ဘာလို့ရယ်မသိ ' အန်တီ့သားကလည်း Tulip ပန်းကို အရမ်းကြိုက်တာလေ ' ဆိုတဲ့ အသံ
ကိုပြန်ကြားယောင်ကာ စိတ်ထဲမှာ လေးပင်
သွားသည်... ။ ဖြစ်ပျက်နေသော စိတ်အခြေ
အနေက မျက်နှာမှာသွားပေါ်သည်ထင်...။
Jin Hyung က စိတ်ပူစွာမေးလာသည်။
" ဟင်... Taehyung ဘာဖြစ်သွားတာလဲ...။
ရုတ်တရက်ကြီး မှိုင်ကျသွားတယ်ရော... "
" သြော်...ဘာရယ်မဟုတ်ပါဘူး...။ အရင်
Sunday တုန်းက ဒါရိုက်တာလီ ခေါ်လို့ ရိုက်
ကွင်းကိုသွားလိုက်ရသေးတယ်လေ... "
"အင်း အဲ့ဒါ ဘာဖြစ်တုန်း.. "
" အဲ့ဒီရိုက်ကွင်းနေရာက Rin Kim ရဲ့ အိမ်
မှာလေ... ။ သူနဲ့တောင် တွေ့လိုက်ရသေး
တယ်။ ပုံစံကတော့ တော်တော်လေးကို ဝမ်း
နည်းနေပုံရတယ်..."
"OMG... အဲ့လောက် အရေးကြီးတဲ့ သတင်း
ကို ဘာလို့ စောစောစီးစီးမပြောတာလဲ... ။ ဒါ
ထက်... သူ့သားသေသွားတာကို ဘာလို့ Rin
Kim က အိမ်မှာ ရုပ်ရှင်ခေါ်ရိုက်နေရတာလဲ"
" ငါလည်း အဲ့ဒါ စဉ်းစားနေတာ... ။"
"ရုပ်ရှင်က ဘာကားတဲ့လဲ Taehyung...။ဒီ
တစ်ခါကော ဘယ်နေရာ သရုပ်ဆောင်ရတာ
လဲ... "
ထုံးစံအတိုင်း Taehyung ရိုက်သမျှ ဇာတ်ကား
အကြောင်းကို စိတ်ဝင်တစားမေးသည်က
Jimin တစ်ယောက်သာရှိသည်...။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Fourth String (Z+U)
Start from the beginning
