Fourth String (Z+U)

Start from the beginning
                                        

" မင်းပြောတော့လည်း ဟုတ်နေတာပဲ... ။ အခုတောင် ရှယ်ယာဈေးတွေ ထိုးကျနေတာ
လေ...။"

Jin Hyung ဝင်ပြောလိုက်တော့ Taehyung
ပင် အံ့သြသွားရသည်... ။

" ဟင်... ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ..."

" မသိလိုက်ဘူးလား...။ Jung Group ဥက္ကဌ
ကြီးရဲ့ သား Accident နဲ့ ဆုံးသွားလို့လေ..."

" ဟုတ်လား...ဒါပေမယ့် ဘာဆိုင်လို့လဲ... "

Taehyung ရဲ့ အူကြောင်ကြောင် အမေးကို
Jimin က စိတ်လေသွားဟန်ဖြင့်ရှင်းပြ သည်။

" ဒါပေါ့... ငါတို့ Tae လေးရဲ့ ခေါင်းထဲမှာ
Code တွေနဲ့ Notes တွေပဲ ရှိတာဆိုတော့
အပြင်လောကကြီးအကြောင်းကို ဘယ်သိပါ့
မလဲ... ။ အခုဆုံးသွားတဲ့ သားက ကုမ္ပဏီမှာ
MD လေ...Jung Group တစ်ခုလုံးက သူ့ကို
မူတည်ပြီးလည်ပတ်နေရတာ... ။ အခု သူ
လည်း ဆုံးသွားရော... Jung Group တစ်ခုလုံး
ဂယက်တွေကို ရိုက်ရောပဲ... ဥက္ကဌ Jung ဆို
အိပ်ရာထဲ လဲသွားတယ် ဆိုလား...။ တွေး
ကြည့်မှ နှမြောစရာကြီး...။ Jung Group ရဲ့
MD က အရမ်းချောတယ်လို့ ကြားတယ်...ရုပ်
ချော... ဥစ္စာပေါ ၊ ဉာဏ်ကြီးရှင်ကို ဘာလို့များ
စောစောစီးစီး သေသွားရတာလဲ... "

အင်မတန်ကို နှမြောတသဖြစ်နေပုံဖြင့် တကျွတ်ကျွတ်လုပ်နေသေးတာကြောင့် Taehyung အမြင်ကပ်ကပ်ဖြင့် ချောင်ပိတ်
မေးလိုက်သည်.. ။

" အဲ့ MD က အဲ့လောက်တောင် တော်တာ
လား... ဒါဆိုဘာလို့ Jung Tech ကျ အဲ့လောက် စုတ်ပြတ်သတ်နေရတာလဲ... "

ဒီမေးခွန်းကျတော့ Jimin ပြန်မဖြေတတ်
တော့ပဲ ငြိမ်သွားသည်... ။ ပြီးတော့ ရူးချင်
ယောင်ဆောင်ကာ Kimchi Pancake ကို
သာ ပါးစပ်ထဲ ထိုးသွပ်နေသည်... ။ မကြာပါ
ဘူး...နင်သွားတော့ Jin Hyung ကမနေနိုင်ပဲ
ဖန်ခွက်ထဲ ရေထည့်ပြီး ပေးရသည်..။ ခုဏ
က အမေးကိုတော့ Namjoon Hyung က
ဆက်ဖြေပေးသည်...။

" ဘာလို့ဆို Jung Tech က သူ့လက်အောက်
မှာ မဟုတ်လို့... ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်
က စပြီး သူ့မိထွေးလက်ထဲရောက်သွားတာ ။
ကြားရတဲ့ သတင်းတွေအရတော့ ဥက္ကဌကြီး
ရဲ့ တရားမဝင်သားက ဦးစီးနေတာတဲ့... "

Namjoon Hyung ကိုယ်တိုင်က Bussiness
Management မေဂျ၊ာ ယူထားပြီး အဖေဖြစ်
သူကလည်း စီးပွားရေးလောကမှာ နေရာ
တစ်ခုရထားတဲ့ သူမို့ အတွင်းသတင်းတွေ သိ
နေတာတော့ မဆန်းပေ... ။

Strings of Fate Where stories live. Discover now