Fourth String (Z+U)

Start from the beginning
                                        

Hoseok နဲ့ Taehyung လက်ထပ်လိုက်တဲ့
အချိန်ကစပြီး နှစ်ယောက်သားရဲ့ ဝိညာဉ်
တွေကပါ သေအတူရှင်မကွာ ဆိုပြီးဖြစ်သွား
တယ်။ ဒါကလည်း Hoseok က ဝိညာဉ်မို့လို့
Taehyung ဝိညာဉ်နဲ့ လက်ထပ်သွားတယ်
လို့ပြောရမှာပေါ့... ။

ကျွန်တော်က Soulmate ဆိုတာကို အကျိုး
နည်း သဘောကျတာမို့ပါ... Hehe

နောက်ဆုံးတစ်ခုကတော့ Taehyung လက်
ခံ လိုက်တယ်ဆိုတာ...။ ဒါကတော့ ပထမ
ပိုင်းကို ဖတ်တာနဲ့ရှင်းပါတယ်။ သူ့ မသိစိတ်
ထဲမှာ ဘယ်သူ့ကို လက်ထပ်ချင်စိတ် ရှိနေတယ်ဆိုတာ အသိသာကြီးပါ ...။ အဲ့ဒါ
ကို Hoseok ကလည်း သိတော့ အခွင့်ကောင်း
ယူသွားတာပါ... ။

ဘယ်လိုသိတာလဲ?

ဒါကတော့ S.E.C.R.E.T

အားလုံးပဲ... နောက်အပိုင်းကတော့ ပွဲကြီး
ပွဲကောင်းပါ... ။

ဖျာ ကြို ခင်းထားကြပေကုန်...။

ဒါနဲ့... နောက် သုံးပိုင်းဆို ဇာတ်သိမ်းပြီ။
အစကတည်းက ခုနစ်ပိုင်းပဲ ရေးမယ်
ဆုံးဖြတ်ထားတာမို့... xD

နောက်တစ်ပိုင်း ဘယ်အချိန် Update
မလဲဆိုတာလည်း မသေချာပါဘူး

📌📌📌📌📌📌📌📌📌📌📌📌📌📌

Fourth String (Unicode)

လိမ္မော်ရည်ခွက်ကို ကိုင်ထားရင်း အိမ်ရှေ့
တံခါးမကြီးဖက်ကိုသာလည်တဆန့်ဆန့်နှင့်
ကြည့်နေသော Taehyung ကို စိတ်မရှည်
တော့သည့် Jimin က စားပွဲကို ဒုန်းခနဲ ရိုက်
ချ လိုက်သည်...။ ထိုအခါမှ အလန့်တကြား
ဖြင့် သူတို့ဖက်ကို လှည့်ကြည့်တော့သည်။

"Kim Taehyung...တစ်ခါတစ်လေလေး
အိမ်လာလည်ကြတဲ့ သူငယ်ချင်းတွေကို အ
ဖက်မလုပ်ပဲ ဘယ်သူ့ကို မျှော်နေတာလဲ..."

အမွှေးမရှိသည့်မေးကို ပွတ်ကာ အပြစ်သားကို မေးမြန်းနေသည့်ဟန် ဓာတ်ဖမ်းနေသည့်ကိုယ်တော့် နဖူးကို တွန်းလွှတ်ကာ ' စားစရာရှိတာ စား ' ဟုသာပြောလိုက်သည်...။

"Taehyung ဧည့်ခန်းထဲက အထုပ်အပိုးတွေ
က ဘယ်သူ့ဟာတွေလဲ...။ဧည့်သည်ရှိနေ
တာလား..."

Jin Hyung ကမေးလာတော့ မဖြေလို့မရ
တော့...။

"ကျွန်တော့်အစ်ကိုလေ... နိုင်ငံခြားကနေပြန်
လာတာ...။ကျွန်တော့်အိမ်မှာနေမယ် ပြောပြီးရောက်ရောက်ချင်း အထုပ်တွေချပြီး တာနဲ့အပြင်ပြန်ထွက်သွားလေရဲ့...။ ဘယ်သွားတယ်လဲ မပြောသွားတော့ စိတ်ပူလို့... "

Strings of Fate Where stories live. Discover now