Taehyung နှလုံးသားကတော့ ထို လူစိမ်း ကို
သိနေသည်ဆိုပဲ... ။
အဲ့ဒါကြောင့်လည်း သူ လုပ်ပေးသမျှကို ငြိမ်ခံ
နေမိခဲ့တာ ...။ မနေ့ညနေက ထို ရင်းနှီးနေ
သည့် လူစိမ်းနှင့် တွေ့ဆုံပုံက အိပ်မက်တစ်
ခုလိုပင်...။
မနက်နိုးလာတော့ အိမ်ရှေ့တံခါးမှာ ချထား
တဲ့ Tulip ပန်းစည်းကို မတွေ့ခဲ့ရဘူးဆိုရင်
ပေါ့...။ တွဲလျက်အတူပါလာတဲ့ Card ထဲ
တွင်တော့ ခပ်သော့သော့လက်ရေးတွေနဲ့
စာတစ်ကြောင်း... ။
"We will meet again soon."
နောက်တစ်ခါ တွေ့ရင် လွန်ခဲ့သော ခုနစ်နှစ်
က ဘာကြောင့် ကတိမတည်ခဲ့သည်ကို ရ
အောင် မေးရမည်...။
......................🍃🍃🍃🍃🍃......................
ဂတ်စ်မီးဖိုပေါ်ရှိ အနည်းငယ်ပူလာပြီဖြစ်
သော ဒန်အိုးထဲသို့ သကြားထည့်လိုက်သည်။
ထို့နောက် ရေထည့်ကာ အညိုရောင်ပြောင်း
သွားသည်ထိ စိတ်ရှည်လက်ရှည်မွှေနေရ
သည်။ တူးသွားမည်လည်းစိုးရ၍ မီးလျှော့
ကာ လိုချင်တဲ့အနေအထားရောက်တော့
အသင့်ချထားသော ပန်းကန်လုံးထဲ ထည့်
လိုက်သည်။
Caramel အဆင်သင့်ဖြစ်သွားတော့ ပူတင်း
လုပ်ဖို့ရာ ကြက်ဥ၊ နွားနို့နှင့် သကြားတို့ကို
ရောသမမွှေရသည်။ ပြီးတော့ Caramel
ထည့်ထားသော ပန်းကန်ထဲ ပြောင်းထည့်
ကာ မိနစ်လေးဆယ်ခန့် ရေနွေးပူပူထဲမှာ
ပေါင်းရမည်။ နောက်တစ်နာရီလောက် ရေခဲ
သေတ္တာထဲထည့်ထားလိုက်ရင် Jin Hyung အကြိုက်ဆုံး Caramel Pudding ရလိမ့်မည်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
စနေ၊တနင်္ဂနွေမှာ ဆုံကြမယ်ဆိုတဲ့ သူတွေ
က သောကြာနေ့ညနေကတည်းက လာကြ
မည်ဆို၍ Taehyung ခမျာ မနက်ခင်းကျမှ
ဈေးထဲသွား၍ လိုသမျှဝယ်ထားရသည်...။
ချက်ထားသလောက် စားနိုင်ကြသည့် ကိုယ့်
Squad အကြောင်းကို သိသည်မို့ ပိုဝယ်မိ
သည်ဆိုတာတော့ မရှိမှာ အသေအချာ... ။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
Start from the beginning
