Third String(Z+U)

Start from the beginning
                                        

" အင်းပါ...အဲ့ရောက်မှ ဆုံးဖြတ်တာပေါ့...။
အဲ့ဒါထက် မင်းရဲ့လက်က ဘာဝတ်ထား
တာလဲ...။ "

အဆက်အစပ်မရှိသည့် မေးခွန်းမို့ ရုတ်တ
ရက် ပြန်ဖြေစရာမရှိ...။ သူပြောသည့်အ
တိုင်း ကြည့်လိုက်မိတော့ ကိုယ့်လက်မှာ
ဘာမှ ရှိမနေ။

" အင်...ဘာရှိလို့လဲ..။ ဘာမှလည်း မဝတ်
ထားပါဘူး...။ "

ကင်မရာရှေ့ကို လက်ဆန့်ပြမိ​တော့ Taehyung နားမလည်သည့် အရိပ်အယောင်
များ Yoongi Hyung ၏ မျက်လုံးထဲတွင်
ဖြတ်ပြေးသည်..။

" နောက်အပါတ် ငါ ပြန်လာခဲ့မယ်...။ "

" Yoongi... မင်းပြောတော့ နောက်လမှ
အားမှာဆို...။ "

ချက်ချင်းလက်ငင်းဆုံးဖြတ်ချက်ကို ဆရာ
တောင် မထင်မှတ်ထားသည့်ပုံ...။ Taehyung
လည်း ထပ်တူ အံ့သြသွားရသည်။ သို့ပေမယ့်
ပျော်စရာကိစ္စမို့ လာမယ့်အချိန် အတိအကျသိ
ရင် သတိပေးဖို့သာ ပြန်ပြောလိုက်သည်...။

ဆရာနဲ့ Video Call ပြီးတော့ အိပ်ရာထက်
တွင်သာ ပစ်လှဲမိရင်း ဘေးစားပွဲပေါ်က ပန်း
အိုးလေးထံ အကြည့်ရောက်သည်။

လွန်ခဲ့သော ခုနစ်နှစ်က ထိုလူသားနှင့် မတွေ့
ခဲ့လျှင် Taehyung သည်လည်း Yoongi Hyung လို Solo Pianist တစ်ယောက်များ
ဖြစ်နေမလား...။ ကိုယ် အမှန်တကယ် စိတ်ပါ
ဝင်စားသည့် လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့
ထိုသူက အားပေးခဲ့သည်။

Classical Musicကို Taehyung ချစ်ပါသည်။
သို့သော် အဆုံးထိ လျှောက်ချင်မိသည့် လမ်း
ကြောင်းက Programmer တစ်ယောက် အဖြစ်..။ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်
လမ်းကြောင်းနှစ်ခု​ကြောင့် ဝေခွဲမရခဲ့သည့်
နေ့ရက်များသည် ထိုသူနှင့်တွေ့သော ညနေ
တွင် အဆုံးသတ်ခဲ့သည်...။

ထို သူသည် အနွေးထွေးဆုံး အပြုံးများ နှင့်
လက်တစ်စုံကို ပိုင်ဆိုင်သည်...။ နူးညံ့တဲ့
စကားပြောသံနှင့် အရာအားလုံးကို သည်းခံ
နားလည်နေသလို အကြည့်တို့က ထူးခြား
သည်...။ တစ်ကြိမ်တစ်ခါတည်း​သော တွေ့
ဆုံမှုဖြင့် Taehyung နှလုံးသားကို လှုပ်ကိုင်
နိုင်သူသည်နှစ်ယောက်မရှိနိုင်...။

သို့သော် မနေ့က တွေ့ခဲ့ရသော လူ...

ရင့်ကျက်ပြီးသား လူတစ်ယောက်ရဲ့ တည်
ငြိမ်မှုတွေနှင့် ခန့်မှန်းရခက်သော အကြည့်
တို့ ပိုင်ရှင်... ။ Taehyung အကြောင်းကို အ
ကုန်သိနေသလို ရင်းနှီးမှုတွေ၊ ​အေးစက်
သော လက်များနှင့် ထို လူသည် ဖြေရှင်းရခက်သော ဉာဏ်စမ်း ပုစ္ဆာတစ်ခုလို... ။

Strings of Fate Where stories live. Discover now