Third String(Z+U)

Start from the beginning
                                        

ဘာလင်က ဆောင်းသည် အေးမနေသည့်
အတိုင်း သူ့ကို တတွတ်တွတ်မှာနေသည့်
ဆရာဖြစ်သူကို ကြည့်ရင်း ရင်ထဲမှာနွေးမိ
သည်...။ အမြဲလိုလိုရေခြားမြေခြားဖြစ်နေ တတ်သည့် ဆရာဖြစ်သူနှင့် တစ်ပါတ်မှာ တစ်ခါတော့သေချာပေါက် Vd Call ဖြစ်သည်။
Taehyung အသက်ပဲ ၂၂ နှစ်ကျော်တော့
မယ်...။အခုထိ ဆရာ့စိတ်ထဲတွင်တော့ ကလေးဟုသာ ထင်နေသည့်ပုံ...။

" ဟုတ်ကဲ့ပါ...ဆရာရယ်။ ဆရာသာ ကျန်းမာ
ရေးကို ဂရုစိုက်ပါ။ ရေခဲရေတွေချည်းလည်း သောက်မနေနဲ့ဦးနော်။ ဒီကို ဘယ်တော့ပြန်
လာမှာလဲ...။ "

Tour နဲ့ အလုပ်ရှုပ်နေတဲ့သူကို အပူကပ်တာ
တော့ မဟုတ်ပေမယ့် မတွေ့ရတာ လချီနေပြီ
ဖြစ်သောကြောင့်... ။

"ဒီနှစ်ထဲတော့ ဆရာတော့မလာဖြစ်လောက်
ဘူး...။ဒါပေမယ့် ဆရာ့အစား နောက်တစ်​ယောက်ကိုလွှတ်လိုက်မယ်...။ " ဟု ပြုံးကာ​ပြောသည်..။

နောက်တစ်ယောက်သာဆိုလျှင်...

" မဟုတ်မှလွဲရော... "

ပြော၍မှမဆုံးခင် ဆရာ့နောက်မှ ပေါ်လာသူ
က သူ့မူအတိုင်း ပျင်းရိရိဖြင့် ပြုံးပြကာ နှုတ်
ဆက်သည်...။

" Hey...Taehyung... "

" Yoongi Hyung!!!! Solo Tour လုပ်နေရလို့ မအားဘူးဆို...။ ကျွန်တော်နဲ့မတွေ့ရတာကို ဘယ်လောက်ကြာနေပြီလဲ...။မနှစ်ကလည်း လာတွေ့မယ်ဆိုပြီး မလာဘူး...။ "

" လေယာဉ်စီးရမှာ ပျင်းလို့... ။ "

ထိုအဖြေကို ထူးပြီးအံ့သြမနေတော့...။ Min Yoongi ဆိုသော သူသည် Taehyung ဆရာ
Min Sanyoung ရဲ့ တူ...။ စန္ဒယားတီးတဲ့ နေ
ရာမှာ နှစ်ယောက်မရှိအောင် ထူးချွန်လွန်းလို့
၁၅ နှစ်နဲ့ နာမည်ကြီး Orchestra ပေါင်းစုံမှ
ကမ်းလှမ်းခြင်းခံရသူ...။ အခုချိန်မှာ Solo
Pianist အနေနဲ့ နေရာတစ်ခုကို အခိုင်အမာ
ရထားပြီးသား Taehyung ၏ Idol လည်းဖြစ်
တဲ့ ငယ်သူငယ်ချင်း အကို...။

သာမန်အချိန်တွင် လေမရှိတဲ့ ပူဖောင်းလို
ပျင်းရိပျင်းတွဲဆိုပေမယ့် စန္ဒယားရှေ့ရောက်
ရင် Mozart နှင့်တောင် ရန်ဖြစ်မယ့် လူစား။

" ဘယ်တော့လာမှာလဲ Hyung... ကျွန်တော့်
အိမ်မှာပဲ လာနေရမှာနော်...။ တစ်ရက် နှစ်
ရက်နဲ့လည်းမရဘူး။ အနည်းဆုံး နှစ်ပါတ်
တော့နေရမယ်...။ "

Strings of Fate Where stories live. Discover now