ဂီတဆိုတာ ကိုယ့်ရဲ့ အနီးဆုံးမှာရှိနေတဲ့
အရိုးရှင်းဆုံးအရာဆိုတာ...။
လေးမိနစ်နှင့် သုံးဆယ့်သုံး စက္ကန့်သည် မနှေး
မမြန်ပင် ကုန်သွားခဲ့သည်။
" နားလည်ပြီလား... "
ကိုယ့်ကိုလှည့်ကြည့်ကာ ခပ်တိုးတိုးမေး
သည်...။
" အင်း...နားလည်ပြီ..။ ကျေးဇူးတင်ပါတယ်
Hyung...။"
" နားလည်တယ်ဆိုရင် နောက်တစ်ခါ မိုးပြို
တော့မလို မျက်နှာနဲ့ ပန်းခြံထဲမှာ လျှောက်
သွားမနေနဲ့ ဟုတ်ပြီလား...။ "
သူ အဲ့လိုသွားနေတယ် ဆိုတာကို ဘယ္လိုသိ
တာပါလိမ့်...။ စတွေ့ကတည်းက ကျောပေး
ထားတာကို...။ မေးဖို့ရာ အား အယူတွင်
ကျယ်လောင်သည့် Ringtone သံက အစား
ထိုးသည်...။
ဖုန်းဖြေနေသည့် သူ့ကိုမျှော်လင့်ချက် အသစ်
ကို လမ်းပြပေးသော ထိုလူသား၏ နှုတ်ခမ်း
သားများကို စိုက်ကြည့်မိရင်း ဘယ်ဖက်ရင်
အုံက သိသိသာသာ အချက်ပြလာသည်...။
" ကိုယ် သွားရတော့မယ်။ အရေးကြီး ကိစ္စ
တစ်ခုပေါ်လာလို့...။ မနက်ဖြန်အတွက်
Fighting! "
သူ့ကို အားပေးရင်း အလောတကြီးပင် ပြန်ရန်ပြင်သည်...။ တစ်ခုခုကို အလိုမကျသ လို ခံစားချက်က ထူးဆန်းနေခဲ့သည်...။ သို့သော် ထိုသူ့ကို တားနိုင်စွမ်းတော့ သူ့မှာ မရှိခဲ့... ။ နောက်ဆုံး သူလုပ်နိုင်တာက...
" မနက်ဖြန်ည ခြောက်နာရီခွဲ...။နံပါတ် ၈...။
ကျွန်တော့်ကို လာအားပေးမလား..."
တံခါးပေါက်နားကို ရောက်နေသည့် သူက
ပြန်လှည့်ကြည့်ရင်း Taehyung စိတ်ထဲတွင်
အနွေးထွေးဆုံးဟု ထင်လိုက်သည့် အပြုံးကြီး
ကြီး တစ်ခုကိုပေးကာ " လာခဲ့မှာပေါ့ " လို့
ပြောပြီး ထွက်သွားခဲ့သည်...။
လမ်းပျောက်နေသည့် သူ့ကို လမ်းပြပေးခဲ့
သော ထို လူသားသည်ကတိမတည်ခဲ့...။
ထို ဆောင်းဦးညနေသည် Taehyung ဘဝ
၏ အမည်မသိ အချစ်ဦးကို ပထမဆုံးအကြိမ် နှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့ရခြင်းပင်...။
...................🍃🍃🍃🍃🍃.......................
" အကုန် အဆင်ပြေရဲ့လား Taehyung...။
တစ်ခုခုလိုတာရှိရင် ဆရာ့ကိုပြောသိလား။
အချိန်ပိုင်းအလုပ်တွေချည်းပဲလည်း လုပ်မနေ
နဲ့ဦး...။ အဲ့ဒီမှာ ရာသီဥတုကလည်း အေး
လာပြီမလား...။ ကျန်းမာရေးလည်း ဂရုစိုက်
နော်... "
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
Start from the beginning
