Third String(Z+U)

Start from the beginning
                                        

' သူ ဘယ်လို တေးသွားကိုများ တီးမှာပါလိမ့်'

သူ့ရဲ့ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များ
အောက်တွင် ထိုသူက စန္ဒယား ခလုတ်ခုံအ
ကာကို ဖွင့်လိုက်သည်...။ အစကတည်း သူ
သတိထားမိနေသည့် ရှည်သွယ်သွယ်လက်
ချောင်းတို့ကို အကြောဆန့်သည့်နှယ်ဖြေလျှော့
သည်...။ ပြီးတော့ အိတ်ကပ်ထဲက ဖုန်းကို
ထုတ္ကာ Timer စမှတ်သည်...။ ရုတ်တရက်
ပုံမှန်အပြုအမူများထဲမှ ခွဲထွက်သွားသော
ကြောင့် Taehyung ကြောင်ကြည့်နေမိသည်။

ထို့နောက် ....

.

..

...

ဘာအသံမျှ ထွက်မလာခဲ့... ။ သူမျှော်လင့်
ထားခဲ့သည့် ကြက်သီးထလောက်စရာ တေး
သွားကို မကြားရ...။ ထိုသူက ဒီအတိုင်းထိုင်
နေသည်။ မျက်လုံးတွေတောင် မှိတ်ထား
လိုက်သေးသည် ...။

စက္ကန့်အချို့ကုန်သွားသည်...။ အခုထိ တုတ်
တုတ်မလှုပ်သည့် သူကို ကြည့်ရင်း Taehyung ခေါင်းထဲတွင် Question Mark
များသာ တန်းစီနေခဲ့သည်...။ ထိုသူ့ လက်ထဲ
ရှိ ဖုန်းက မှတ်ထားသည့် Timer ကို မြင်မှ
နားလည်စပြုလာသည်။

4:33

*John Cage ရဲ့ 4'33"*

သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို ထိုအခါကျမှ
နားလည်ကာ သူ့အတိုင်း မျက်စိမှိတ်ပြီး
ူသဘာဝတရားကြီးရဲ့ သံစဉ်တွေကို နားထောင်မိသည်...။

စိတ်ရောကိုယ်ပါ အာရုံစူးစိုက်ထားသည့်အ
တွက် မလိုအပ်သည့် အတွေးတို့ရှင်းလင်း
ကာ နားမှ ကြားနေရသည့် တိုးတိုးကျယ်ကျယ်
အသံဟူသမျှကို နားထောင်မိသည်...။ ကိုယ့်
ဘေးက လူရဲ့ အသက်ရှူ သံ...။ ပြတင်းပေါက်
အပြင်က ဖြတ်ပျံသွားတဲ့ ငှက်ကလေးရဲ့ အ
တောင်ပံခတ်သံ...။ အခန်းရှေ့က ဖြတ်
လျှောက်သွားတဲ့ လူတစ်ယောက်ရဲ့ ခြေသံ။

John Cage ကပြောတယ်...။ ဂီတက နေရာ
တိုင်းမှာရှိတယ် တဲ့...။ နားထောင်တတ်ဖို့ပဲ
လိုခဲ့တာ...။

အာ...ဒီလောက် အရေးကြီးတဲ့ အရာကို ဘာ
ကြောင့် မေ့သွားခဲ့ရတာလဲ... ။

Strings of Fate Where stories live. Discover now