Third String(Z+U)

Start from the beginning
                                        

" မစဉ်းစားဖူးလည်း ကိစ္စမရှိဘူး...။ အခုက
တည်းက ဖြည်းဖြည်းချင်း စစဉ်းစားပေါ့... ။
မင်းရှေ့မှာ ရွေးချယ်စရာတွေ အများကြီးရှိ
တယ် ဟုတ်ပြီလား...။ "

" ဟုတ်... "

" လိမ္မာလ်ိုက်တာ...။ လိမ္မာတဲ့ ကလေးဆိုရင်
ဆုချရတယ်...။ လာ... လိုက်ခဲ့...။ မင်းကို အ
ရမ်း မိုက်တဲ့ဟာတစ်ခုပြမယ်။ ဒီအချိန်ဆို
ဘယ်သူမှ မရှိလောက်သေးဘူး...။ "

ပြောရင်းဆိုရင်း လက်ကကိုင်ထားသော
တယောအိတ်ကို ကျောပိုးအိတ်လိုလွယ်ကာ
Taehyung လက်ကိုဆွဲပြီး ပြေးတော့သည်။
အရင်ဆုံး သတိထားမိသည်က ဂီတပညာ
ရှင် ပီသစွာ လက်ထိပ်က အသားမာတွေ...
ထို့နောက် သူ့လက်ကို အုပ်ကိုင်ထားသော
နွေးထွေးမှု...။ ဒီလူက အပြုံး နဲ့ အသံကတင်
နွေးထွေးနေတာမဟုတ်ပဲ လက်တွေကပါ...။
သူခေါ်တော့လည်း လိုက်သွားပြီးမှ ကမန်းက
တမ်းမေးရသည်...။

" အရမ်း မိုက်တဲ့ဟာ? "

" မင်းပြောတော့... မင်းရဲ့ ပီယာနိုက ပျော်စ
ရာမကောင်းတော့ဘူးဆို...။ ပျော်စရာကောင်း
တာတွေ ပြပေးမှာမို့လို့ လိုက်သာလိုက်ခဲ့...။"

ခေါ်သွားသည်က မနက်ဖြန် Taehyung
လာရမည့် ပြိုင်ပွဲနေရာ Conservatory Great Hall ...။ ခန်းမကြီးထဲကို မဝင်ပဲ ဘေးကလမ်း
ကို ချိုးကာ အခန်းငယ်လေးတွေထဲက တစ်
ခန်းထဲဝင်သည်...။ သူ့ကြည့်ရသည်မှာ ဒီခန်း
မကြီးထဲက လမ်းများနှင့် ရင်းနှီးကျွမ်းဝင်နေ
သည့်နှယ်...။

အခန်းထဲတွင်တော့ စန္ဒယားတစ်လုံးမှလွဲ
၍ ဘာမှမရှိ...။ ပြတင်းပေါက်မှဝင်နေသည့်
ညနေခင်းနေရောင်ဖြင့်သာ တစ်ခန်းလုံးလင်း
နေသည်...။ ဆွဲထားသော Taehyung လက်
ကို မလွှတ်ပေးသေးပဲ စန္ဒယားရှိသည့်နေရာ
ထိ ခေါ်သွားပြီးထိုင်စေသည်။ ထို့နောက်
တယောအိတ်ကိုချပြီး သူပါဝင်ထိုင်သည်...။

" အခုတီးမယ့် သံစဉ်က မင်းအတွက်ပဲ...။
ဘာမှမပြောပဲ... သေသေချာချာနားထောင်
ဟုတ်ပြီလား... ။ "

အလှဆုံး တယောသံကို ဖန်တီးနိုင်သည့် ထို
သူ၏ စန္ဒယားတေးသံကို အရမ်း မျှော်လင့်
မိသည်ကတော့ အမှန်...။ စိတ်လှုပ်ရှားမှု
ကြောင့် ချွေးစီးတွေ ပြန်လာပြီး နှလုံးခုန်ပါမြန်
သည်...။

Strings of Fate Where stories live. Discover now