ရင်ထဲက အစိုင်အခဲတွေက မျက်ရည်တွေ
အဖြစ်ပြောင်းသွားသလားပင်...။ ရုတ်တရက်
ဝဲတက်လာသော မျက်ရည်တွေကို မထိန်း
နိုင်ခဲ့... ။ Hyung ကတော့ နားလည်သည့်
ဟန်ဖြင့် သူ့ရဲ့ လက်ကိုင်ပုဝါကို ထုတ်ကာ
ပေးသည်...။ ထို့နောက် Taehyung ခေါင်း
ကို ခပ်ဖွဖွပုတ်ကာ ပြောသည်...။
" အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့ ကလေး
က ဘာလို့ အဝေးကြီးတွေလျှောက်တွေးနေ
လဲ...။ ပြီးတော့ မင်းရဲ့ ဆရာက ဆုမရရင်
ရိုက်မယ်လို့ ပြောလို့လား...။ "
" အဲ့လိုလည်း မပြောပါဘူး...။"
" အဲ့ဒါဆို ဘာတွေ တွေးပူနေတာလဲ။ မင်းရဲ့
ဆရာက မင်းကို အတွေ့အကြုံ ယူစေချင်တာ
နေမှာပေါ့။ ဒီပြ်ိုင်ပွဲက ဘယ်လောက်ခက်သ
လဲဆိုတာ အကုန်သိတယ်။ တော်တော်များ
များက မင်းထက်အသက်ပိုကြီးပြီး မင်းထက်
ကြာအောင် လေ့ကျင့်ခဲ့တဲ့ သူတွေပါတယ်
လေ...။ အဲ့လူတွေကို ရှုံးမယ်လို့ မတွေးပဲနဲ့
အဲ့ဒီ ပညာရှင်တွေဆီက ရသမျှနည်းနာယူ
မယ်လို့ တွေးလိုက်ရင် မကောင်းဘူးလား။"
" ဒါပေမယ့် ဆရာ့အတွက်က ..."
" ဒါဆို မင်းအတွက်ကကော... "
" ဟင်..."
မထင်မှတ်ထားတဲ့ မေးခွန်းနောက်မှာ အဖြေ
ကို တန်းမပေးနိုင်ခဲ့...။ ထိုသူ့ကိုသာ ကြောင်
ပြီး ကြည့်နေမိသည်...။
" ဘာလို့ ဆရာဖြစ်စေချင်တာကိုပဲ တွေးနေပြီး
မင်းအတွက်မင်းကျ မတွေးတာလဲ...။"
မေးခွန်း၏ အဖြေသည်ရှင်းရှင်းလေးသာ...။
ွဆရာက သူ့ရဲ့ တစ်ခုတည်းသော မှီခိုရာဖြစ်
နေခဲ့လို့...။ မိဘတွေ ဆုံးသွားကတည်းက
ဆယ်နှစ်လုံးလုံး စောင့်ရှောက်ပေးခဲ့သော
ဒီဆရာ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဖြစ်
အောင် နေခဲ့ခြင်းသာ...။ သူ့ကို စိတ်ပျက်ပြီး
ထားခဲ့မှာကို ကြောက်နေခဲ့တာ...။
" ဒီကလေးကတော့... တကယ်ကို ကိုယ် ဘာဖြစ်ချင်လဲ မစဉ်းစားဖူးဘူးပေါ့... ။ "
ခေါင်းရမ်းပြရင်းသာ ဖြေမိသည်...။ သူ စိတ်
ဝင်စားသောအရာ ရှိပေမယ့် ထို လမ်းကြောင်း
ကို လိုက်ဖို့ရာ မတွေးဖူးခဲ့... ။
ŞİMDİ OKUDUĞUN
Strings of Fate
Hayran KurguFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
En başından başla
