" Tourist က အိတ်တစ်ခုတောင်မပါပဲ နယ်
စိမ်းမှာ လျှောက်သွားနေမလား။ ပြီးတော့
ဒီပန်းခြံက ပြိုင်ပွဲလုပ်တဲ့ ခန်းမနဲ့ တစ်လမ်း
ပဲခြားတာ...။ကိုယ်နဲ့စတွေ့တွေ့ချင်း မင်းက
ကိုယ်တီးနေတဲ့ Piece နာမည်ကို အတိအက် ပြောလိုက်တယ်လေ...။ ဒါတွေ ပေါင်းလိုက်
တော့ မနက်ဖြန် လုပ်မယ့် ပြိုင်ပွဲကို ဝင်ပြိုင်တဲ့
သူမှ မဟုတ်ရင် ဘယ်သူဖြစ်မလဲ။ ဒါပေမယ့် မင်းကြည့်ရတာ တော်တော်ငယ်သေးသလိုပဲ ၁၆ နှစ်ကောပြည့်ပြီးရဲ့လား...။"
"ပြည့်ပြီးပါပြီ...။Hyung ကကော ပြိုင်ပွဲဝင် တွေထဲကပဲလား...။ "
"No...ကိုယ်က ဒီအတိုင်း အဖော်အနေနဲ့
လိုက်လာတာ။ကိုယ့်အသိက ပွဲမှာပါလို့လေ။ ဒီပန်းခြံလေးက အရမ်းအေးချမ်းလို့ ကိုယ်လာနေကျ။ ဒီနေ့မှ စိတ်ကူးပေါက်ပြီး တယောပါ ယူလာမိတာ။ ကိုယ့်လက်သံကို နားထောင်လိုက်ရတာ မင်း ကံကောင်း သွားတာပေါ့...။ "
"Omm... ဟုတ်တယ်။ ကျွန်တော်အရမ်း ကံ
ကောင်းသွားတယ်...။ "
ပြုံးကာပြောတော့ ထိုသူ့ရဲ့ မျက်လုံးတွေ ဝိုင်း
ဆက်သွားသည်...။ ကိုယ်ကလည်း ဒီနေ့မှ
အရမ်းတွေ စကားပြောနေမိတာ..။
" ဒါဆို ပြောကြည့်ပါဦး။ မနက်ဖြန်ပဲ ပြိုင်ပွဲ
ဝင်ရတော့မယ့်သူက ဘာကိစ္စ ပန်းခြံထဲမှာ
လျှောက်သွားနေရတာလဲ...။ "
ချက်ကောင်းကိုထိသွားတော့ ပြောစရာ စကား
တို့ ဆွံ့အသည်...။ မထိန်းနိုင်လိုက်ခင် သက်
ပြင်းပါးပါး တစ်ခုကအရင်လွတ်ထွက်သွား၏။
အခုမှ စတွေ့သော သူစ်ိမ်းတစ်ယောက်သည်
ကိုယ့် ပြဿ နာတွေကို ဖွင့်ဟမိစေရန် အ
ပြည့်အဝ နားလည်ပေးမည် ဆိုသည့်အကြည့် ဖြင့်သာ ကြည့်နေသည်။ နူးညံ့ပြီး သပ်ရပ်လှ ပတဲ့ သံစဉ်တွေကို ဖန်တီးနိုင်သူသည် သူများကို ဒုက္ခပေးမည့် ပုံစံတော့မပေါ်..။
ကိုယ်ကလည်း ရင်ဖွင့်ချင်စိတ် တစ်စွန်းတစ်
စ ရှိနေလေတော့ စိတ်ရှိအတိုင်း ချပြမိသည်။
" ကျွန်တော် မပြိုင်ချင်တော့ဘူး...။မနှစ်က
ကျွန်တော် ITCYM (International Tchaikovsky Competition for Young Musicians) မှာ ပထမဆုရခဲ့ပေမယ့် ကျွန်တော်အရမ်း ပင်ပန်းခဲ့တယ်။ ဂီတကို
မခံစားနိုင်တော့ပဲ ဆရာဖြစ်စေချင်တဲ့ အတိုင်း
ဆုရဖို့ကို ကျွန်တော် အာရုံအရမ်းစိုက်မိသ
လိုပဲ...။ဒီပြိုင်ပွဲမှာလည်း ကျွန်တော် ဆုရဖို့ပဲ
ပြိုင်မိပြီး လမ်းပျောက်တော့မှာ စိုးတယ်...။ ကျွန်တော့် Piano က Hyung ရဲ့ Violin လိုမျိုး ပျော်စရာမကောင်းတော့ဘူး...။"
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
Start from the beginning
