ထိုသူကတော့ လူရှိနေသည်ကို မထင်ထား
သည့်အလား အံ့သြသွားသည့်ပုံဖြင့် လှည့်
ကြည့်လာသည်။ Taehyung ကို မြင်တော့
ခပ်ပါးပါးပြုံးပြလာသည်...။ နေရောင်အောက်
တွင် ထိုအပြုံးက အရမ်းကို နွေးထွေးလွန်း
သည်ဟု ခံစားလိုက်ရသည်...။ သို့ပေမယ့်
ထိုအပြုံးတို့ဖန်တီးရာက ထွက်လာသည့် စကားတို့က အပူချိန်ကိုထပ်မြှင့်ပေးလိုက်သ
လိုပင်...။
" ခိုးနားထောင်နေတယ်ပေါ့...ဟုတ်လား
ကောင်လေး...။ "
" အဲ့လိုမဟုတ်ပါဘူး... တယောသံက အရမ်း
လှလို့... ဒီနေရာကို ရောက်လာပြီးတော့ မ
ထွက်သွားနိုင်တော့ဘူး...။ "
စိတ်ထဲကအတိုင်းဖြေမိတော့ ထိုသူက သေဘာကျသလို ရယ်သည်...။
" အဲ့လိုမြောက်ပြောမှတော့ ဒီကလည်း သေ
ချာ ဖျော်ဖြေရမှာပေါ့... ။ကဲ...ဧည့်သည်တော်
လေး အထူးအနေနဲ့ နားထောင်လိုတဲ့ Piece
များရှိရင် တောင်းဆိုလို့ရပါတယ်...။ "
"La Primavera ၊ Allegro"
တောင်းဆိုသံအဆုံး ထိုသူက မျက်ခုံးတစ်
ဖက် ပင့်လိုက်ပြီး သေချာရဲ့လားဆိုသည့်
အကြည့်ဖြင့်ပြန်ကြည့်သည်...။ ခေါင်းငြိမ့်ပြ
တော့ တယောကို ပြန်ထုတ်ကာ အလှဆုံး
သော တေးသွားတို့ကို ဖန်တီးပြသည်...။
ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်မြင်နေရတာ
မို့ ထိုသူရဲ့ အာရုံစိုက်ထားတဲ့အမူအရာ၊သွယ်လျနေတဲ့ လက်ချောင်းတွေရဲ့ ကခုန်မှု
တွေကို အတိုင်းသားမြင်နေရသည်။ Spring Sonata ကလည်း စိတ်ချမ်းသာမှုကို အပြည့်
အဝ ပေးကာ နွေဦးရဲ့ ရသကို ခံစားရေစ
သည်...။
'ပြည့်စုံလိုက်တဲ့ ညနေခင်းလေး... '
" ပြိုင်ပွဲဝင်မယ့်သူတွေထဲကမလား...။ ဘာပြိုင်မှာလဲ တယောတော့မဟုတ်လောက်
ဘူး...။ Cello or Piano?"
ကိုယ့်စိတ်တိုင်းကျ နားထောင်ပြီးတဲ့နောက်
သစ်ရွက်ကြွေတွေထက်မှာ အတူလမ်း
လျှောက်မိကြရင်း သူက စကားစသည်...။
" Piano ပါ...ကျွန်တော်က ပြိုင်တဲ့သူ ဆိုတာ
ဘယ်လိုသိလဲ။ ဒီအတိုင်း Tourist လည်း
ဖြစ်နိုင်တာပဲကို..."
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
Start from the beginning
