Third String(Z+U)

Start from the beginning
                                        

ခြေဦးတည့်ရာ လမ်းလျှောက်ရင်း ရောက်နေ
သည့် နေရာကို သတိထားကြည့်မိသည့်အခါ
ပတ်ဝန်းကျင်တွင်လည်း ဘယ်သူမှမရှိသည့်
ပန်းခြံအစွန်ကို ရောက်နေကြောင်း သိလိုက်ရ
သည်...။

ထိုအချိန်တွင် နားထဲဝင်လာသည့် သံစဉ်ခပ်
တိုးတိုး...။ အသံလားရာကို ရှေးရှုကာခြေလှမ်း
တို့ကို ဦးတည်မိတော့ တဖြည်းဖြည်းပြတ်သား
လာသည့် သံစဉ်တို့က နားစည်မှတဆင့် နှလုံး
သားကို ရိုက်ခတ်သည်...။ တစ်ကိုယ်လုံးက
သွေးကြောတွေအကုန်လုံး သိမ့်သိမ့်တုန်
သွားလောက်အောင် သွက်လက်လှပသည့်
သံစဉ်တွေက သိမ်းယူသည်...။

လိုက်ဖက်လိုက်လေခြင်း...။ ဆောင်းဦးရာသီ
ရဲ့ အလှဆုံးအရာတွေ...။ ဆောင်းဦးရွက်ကြွေ
တွေ...။ ရင့်မှည့်နေတဲ့ ကောက်ပင်တွေ...။
ကောက်ပင်တွေကိုရိတ်သိမ်းပြီးနောက် မီးပုံပွဲမှာ ပျော်ရွှင်စွာကခုန်နေကြတဲ့သူတွေ ယမကာရဲ့ ယစ်မူးမှုနဲ့အတူ အပျော်ဆုံး ကခုန်ပြီး အိပ်မောကျသွားတဲ့သူတွေ... ။ ကိုယ်ပါ အခုချက်ချင်း ရောယောင် ကလိုက်မိလိုက်ချင်သည်အထိ...။

တိကျတဲ့ သံစဉ်...လှပတဲ့ သံစဉ်...။ ပြည့်စုံတဲ့
Intonation...။ သပ်ရပ်တဲ့ Technique... ။
ဒီ တယောသံရဲ့ ပိုင်ရှင်သည် အတော်ဆုံး
ပညာရှင်တွေထဲကဖြစ်လိမ့်မည်...။ Taehyung ထင်တာမလွဲလျှင် Tchaikovsky
ပြိုင်ပွဲဝင်တစ်ယောက်တောင် ဖြစ်နေမလား
ပင်...။

အတွေးတွေနဲ့ ယှက်ကူးရင်း ထိုသံစဉ်တို့က
လှလှပပအဆုံးသတ်သွားသည်...။ ဆယ်မိနစ် Piece ကို ခုနစ်မိနစ်သာသာ
လောက်သာ မှီလိုက်သည်က တကယ်ကို
အားမရမိစရာ...။ နောက်ထပ် တကယ်ကို
နားထောင်ချင်မိသည်...။

တယောကို ပခုံးထက်မှ ချပြီး အိတ်ထဲပြန်
သိမ်းတော့မည့် ထိုသူက ထပ်တီးတော့မည့်
ပုံတော့မပေါ်...။ နောက်ဆုံးတော့ နားထောင်
ချင်သည့်စိတ်က အနိုင်ရကာ အသာအား
တင်းပြီး စကားစမိသည်...။

"Antonio Vivaldi ရဲ့ L'Autunno Opus.8, No.3 in F Major "

ပါးစပ်ကထွက်သွားသည်က နှုတ်ဆက်စကား
မဟုတ်ပဲ Violin Piece ရဲ့ နာမည်...။ စိတ်ထဲ
တွင်တော့ သွားပြီဟု အော်ကာ ကိုယ့်နဖူးကို
ပြန်ရိုက်မိနေပြီဖြစ်သည်...။ အပြင်မှာတော့
ဟန်ကိုယ်ဖို့ကာ မျက်နှာသေဖြင့် ထိုသူ၏
ကျောပြင်ကိုသာ စိုက်ကြည့်နေမိသည်...။

Strings of Fate Where stories live. Discover now