ပြီးတော့ Vivaldi ရဲ့ Four Seasons... ။ တကယ့် Masterpiece ကြီးပါ... ။ အားလုံး
ပေါင်း မိနစ်လေးဆယ်ကျော်ကြာပြီး Spring၊Summer၊ Autumn နဲ့ Winter ဆိုပြီး ဥတု
လေးမျိုးရဲ့ အချိန်အခါ အခြေအနေတွေကို
ဖော်ကျူးထားတာပါ...။

အဲ့ဒီထဲက Autumn နဲ့ Spring ကို ယူသုံးထား
တာပါ...။ အရမ်းကို လှပတဲ့ တေးသွားတွေ
မို့လို့ သေချာပေါက်ကို နားထောင်ကြည့်စေ
ချင်ပါတယ်...။ Vivaldi ကိုယ်တိုင် ရေးဖွဲ့
ထားတဲ့ Four Seasons ကဗျာနဲ့တွဲနားထောင်
ရင် ပိုပြီးတော့ ထင်ထင်ရှားရှားခံစားရပါလိမ့်
မယ်...။

နောက်ဆုံးကတော့ John Cage ရဲ့ 4'33" ပါ။
စစချင်း ဒါကို သိခဲ့ရတုန်းက အရမ်းကို ရယ်
မိခဲ့ပါတယ်...။ ဒါပေမယ့် တဖြည်းဖြည်းချင်း
သူပြောချင်တဲ့ အဓိပ္ပါယ်ကို သဘောပေါက်
လာပြီး သဘောကျမိလာတာပါ...။ John Cage က တကယ်ကိုပဲ 4'33" ကို ပွဲကြီးတစ်
ခုမှာ ဖျော်ဖြေခဲ့ဖူးပါတယ်။

ပြီးတော့ ဒီထဲမှာ Piece ဆိုတဲ့ အသုံးနှုန်းကို
သတိထားမိကြမှာပါ...။ Classical လောက
မှာ Violin Song တို့ Piano Song တို့ဆိုပြီး
မသုံးကြပါဘူး...။ အဲ့ဒီ အစား Piece လို့ သုံး
နှုန်းကြပါတယ်။

Classical Music မှာ တကယ်ကို ရသပေါင်း
စုံ ပေးစွမ်းနိုင်တဲ့ Piece တွေအများကြီးရှိတာ
မို့ တစ်ကြိမ်တစ်ခေါက်လောက်တော့ သေချာ
နားထောင်ကြည့်ကြပါလို့... ။

📌📌📌📌📌📌📌📌📌📌📌📌📌📌📌

Third String (Unicode)

လွန်ခဲ့သော ခုနစ်နှစ်ခန့်က
မော်စကို၊ ရုရှား

Great Hall of the Moscow Conservatory
တွင် လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော
နိုင်ငံတကာ Tchaikovsky Competition
၏ ဆန်ကာတင် လူရွေးပွဲချိန်တွင်ဖြစ်သည်။

ဆောင်းဦး ရွက်ကြွေတွေက ပန်းခြံတွင်းရှိ
လူသွားလမ်းငယ်လေးများထက်တွင် နေရာ
ယူထားကြသည်မှာ အပြည့်...။ လူငယ်လေး
တစ်ယောက်ကတော့ ထိုရွက်ကြွေများအပေါ်
အာရုံမရှိသည့်နှယ် နင်းလျှောက်သွားလျက်
ရှိသည်...။

။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
Strings of Fate Donde viven las historias. Descúbrelo ahora