..
...
"Yoongi Hyung!!!!"
အံ့သြခြင်းတစ်ဝက် အပျော်တစ်ဝက်ဖြင့် ပြေးဖက်လိုက်မိသည်အထိ...။
"Hyung ပြောတော့ နောက်အပါတ်မှ လာမှာ
ဆို...။ဘာလို့ ရုတ်တရက်ကြီး... "
Yoongi သည် မတွေ့ရတာအတော်ကြာပြီ
ဖြစ်သည့် ညီငယ်လေးကို ခပ်တင်းတင်း
ပင် ပြန်ဖက်ထားလိုက်သည်...။
" မင်းကို လွမ်းလို့ပေါ့ကွ... ။ "
ပြန်ဖြေလိုက်သည့် သူ့အသံက ခပ်မြူးမြူး...။
သို့သော် အသံနှင့်မလိုက်ဖက်လွန်းစွာ စူးရဲ သည့် အကြည့်တို့က အိမ်ထဲရှိ နောက် ထပ် 'လူ' တစ်ယောက်ကို ဦးတည်နေသည်... ။
ထို သူ ကတော့ သူ့ကို ဖော်ရွေစွာ ပြုံးပြနေခဲ့
လေသည်။
.....................🍃🍃🍃🍃🍃.....................
ဆက်ရန်ကျန်သေးသည်။
Author's Corner
ဒီအပိုင်းမှာတော့ Classical Music reference တွေ တော်တော်လေးကို သုံးထား
တာမို့ သေချာလေး ရှင်းပြပေးချင်လို့ပါ...။
ပထမဆုံး Taehyung ဝင်ပြိုင်တဲ့ Tchaikovsky(ချိုက်ကော့ဗ်စကီး) ပြိုင်ပွဲက ဂန္တဝင် ဂီတ လောကရဲ့ အိုလံပစ်လို့ တင်စား ရလောက်တဲ့ ပြိုင်ပွဲကြီးပါ...။ရုရှား၊ယူအက်စ်နဲ့ ယူကေတို့မှာအဓိကထားကျင်းပပြီး Violin Cello ၊Piano နဲ့ Opera ဆိုပြီး ကဏ္ဋလေးခုကို အသက် ၁၆ ကနေ ၃ဝ အထိပြိုင်ခွင့်ရှိပါ တယ်။ တစ်နေ့ကို ၁၂ ယောက် ၊ တစ်ယောက်ကို မိနစ်ငါးဆယ် ၊ အဲ့လိုမျိုး
သုံးရက်က First Stage ပါ။ ပြီးမှ Second
Stage ၊ Third Stage ဆိုပြီး သွားတာပါ...။
၁၆ နှစ်ထဲနဲ့ ဒီလို ပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့ဆို
တာ မလွယ်ကူပါဘူး...။ အဲ့ဒါကြောင့် Taehyung က Pressure တွေလည်း အရမ်း
များပြီး Mental Breakdown ဖြစ်တော့မယ့်
အထိရောက်သွားတာပါ...။
အစက Chopin Competition ကို ရွေးမလို့
ပေမယ့် ပြိုင်ပွဲရာသီက Spring ဖြစ်နေတော့
ကိုယ်လိုချင်တာနဲ့ မကိုက်တဲ့အတွက်
Tchaikovsky ကိုပဲ ရွေးလိုက်ရတာပါ...။
Chopin ကော Tchaikovsky ပါ Classical Music လောကမှာ ထိပ်တန်း Legend ကြီးတွေဖြစ်တဲ့ အတွက် သူတို့အကြောင်းကို သိချင်ရင် ရှာဖတ်ကြည့်ကြပါ။ ( Tchaikovsky က Gay လို့ ပညာရှင်တွေက သုံးသပ်ကြပါ
တယ်။)
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Third String(Z+U)
Start from the beginning
