Third String(Z+U)

Start from the beginning
                                        

Kimchi ကျီဂဲ

ဒီလောက်ဆိုရင် Friday ည နဲ့ လိုက်ဖက်တဲ့
ညစာဖြစ်သွားပြီ။ နာရီကြည့်လိုက်တော့
ငါးနာရီခွဲ..။ ခြောက်နာရီမှာ ရောက်ကြမယ်
ဆိုတော့ ရေမိုးချိုးချိန်ရှိသေးသည်...။ တစ်ည
နေလုံး မီးဖိုထဲမှာ လုံးပန်းနေရ၍ တစ်ကိုယ်
လုံးကလည်း အနံ့ပေါင်းစုံ...။

.

..

...

ရေချိုး၍ ပြင်ပြီးဆင်ပြီးသည်ထိ ရောက်မလာ
ကြသေး...။ Jin Hyung ကို Msg ပို့ကြည့်
တော့ ရောက်တော့မယ်တဲ့...။ ဧည့်ခန်းထဲ
အထပ်လိုက်တင်ထားမိသည့် Piano Sheet
များကို သိမ်းရင်း စားပွဲပေါ်ရှိ ပန်းအိုးထဲက
Tulip ပန်းများပေါ် အကြည့်ရောက်သည်...။
ဒီနေ့မနက်ခင်းလည်း တံခါးရှေ့မှာရောက်နေ
ခဲ့တဲ့ ပန်းစည်းမှာ​တော့ စာတိုလေးတောင် ပါ
မလာခဲ့ ...။

လာတော့မတွေ့ပဲ ပန်းစည်းချည်းသာ ပို့နေ
သည့် ထိုသူ့ကို စိမ်းကားပစ်လိုက်ချင်သည်။
မလုပ်ရက်တာမို့သာ... ။ ခုနစ်နှစ်နီးပါးကြာ
ပြီးမှ ပြန်တွေ့ရသည့် သူ့ကို မေးစရာမေးခွန်း
တွေ အများကြီးရှိသည်...။

'ဘာလို့ အခုမှ ပေါ်လာတာလဲ...။'

'ဘာလို့ ရိုက်ကွင်းမှာ တွေ့ရတာလဲ...။'

'Taehyung ရဲ့ အိမ်ကို ဘယ်လိုသိတာလဲ..။'

'ဘာလို့ အခုထိ... လာမတွေ့သေးရတာလဲ..။'

ပြီးတော့ 'ဘယ်သူလဲ ၊ ဘယ်ကလဲ၊ ဘာလုပ်
စားလဲ' ။

နောက်တစ်ခါတွေ့လို့ကတော့ ဒီအိမ်မှာ ဖမ်း
ထားပြီး မေးခွန်းတွေရဲ့ အဖြေကို မသိရမချင်း
လုံးဝ ပြန်မလွှတ်ဟု ဆုံးဖြတ်ထားသည်။

"တွေ့ကြသေးတာပေါ့ကွာ " ဟု တစ်ယောက်
တည်း အံကျိတ်ကာ ကြုံးဝါး​နေစဉ် ဘဲလ်တီး
သံကြားလိုက်ရသည်... ။

Jin Hyung တို့ ရောက်ကြပြီထင်သည်...။

ခပ်သွက်သွက်လေးသွားပြီး တံခါးဖွင့်ပေးကာ
လူမမြင်ရခင် ကြို ဆူထားလိုက်သည်...။

"Hyung တို့ကလည်း ခြောက်နာရီလာမယ်
ဆိုပြီး အခု ဆယ့်ငါးမိနစ်တောင် ကျော်...
ကျော်...အယ်..."

သို့သော် ကိုယ့်ရှေ့မှာ ရပ်နေသူက ကိုယ်
စောင့်နေတဲ့ သူတွေမဟုတ်...။ ခပ်ထေ့ထေ့
အပြုံးတစ်ခုဖြင့် လက်ပိုက်ကာ ရပ်နေတဲ့လူ။
Taehyung ကိုမြင်တော့ လက်နှစ်ဖက်ကို ဆန့်ကာကြိုသည်...။
.

Strings of Fate Where stories live. Discover now