ဤကဲ့သို့ဖြစ်လာရသည်မှာလည်း ငယ်စဉ်ကတည်းက ဖြစ်သည်။ ပြောရမည်ဆိုလျှင် နွေရီ့အမေနှင့် မှိုင်းခေါင်ဝေဦးအမေ ဒေါ်ငုဝါစိုးတို့က ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး အမေချင်းရင်းနှီးမှုကို အစပြု၍ နွေရီတို့နှစ်ယောက်လည်း သူငယ်ချင်းဖြစ်ခဲ့ရသည်။

နွေရီသည် ငွေ့ရည်မိုးစံအိမ်ကြီးအတွင်းသို့ ချောင်းပေါက်မတတ် သွားလာ၍ရသော်လည်း မှိုင်းခေါင်ဝေဦး၏အမေ သေဆုံးချိန်မှစ၍  အရာအားလုံးပြောင်းလဲခဲ့ရသည်။ အထူးသဖြင့် မှိုင်းခေါင်ဝေဦး၏ အပြုံးများကို သူမ မမြင်ရတော့ပေ။ မျက်နှာချိုသော ကောင်လေး တစ်ယောက်ထံတွင် အေးစက်မှုများ အစားထိုးဝင်ရောက် လာသည်ကိုသာ သူမတွေ့ရသည်။

မှိုင်းခေါင်ဝေဦးသည် သူ၏အမေသေဆုံးမှုမှာ ငွေရှိုင်းကြောင့်ဖြစ်သည်ဟု ယူဆပြီး  ငွေရှိုင်းအပေါ်တွင်  ခက်ထန်သောသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က သူမတို့နှစ်ယောက်စလုံးမှာ ဆယ်နှစ်အရွယ်သာ ရှိကြသေးသည်။

ဒေါ်ငုဝါစိုးမရှိတော့သည့် နောက်ပိုင်းတွင် သူမသည်လည်း မှိုင်းခေါင်ဝေဦးတို့အိမ်သို့ ဝင်ထွက်သွားလာခွင့်ဆိုသည်မှာ မရှိသလောက် နည်းပါးသွားရသည်။ နွေရီ့မေမေကလည်း မိမိ၏သူငယ်ချင်းကို ဆုံးရှုံးခဲ့ရခြင်းနှင့်ပတ်သတ်၍ ဦးမင်းခေါင်ဦးနှင့်ငွေရှိုင်းကို မကျေနပ်ခဲ့ပေ။

ပြီးခဲ့သည့်နှစ်တွေမှ အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင်  ယခုလက်ရှိအချိန်သည် အဆင်အပြေဆုံးအချိန်ဟု ယူဆ၍ရသော်လည်း အသက်ဆယ့်ငါးနှစ်အရွယ် မှိုင်းခေါင်ဝေဦးအတွက်တော့ ဒဏ်ရာတွေမှာ အနည်ထိုင်ဦးမည် မဟုတ်သေးပေ...။

ထို့ကြောင့် အပြင်ပန်း၌ဖြစ်ချင်သောပုံစံနှင့် အတွင်းစိတ်တို့ မတူညီကြသောအခါ မှိုင်းခေါင်ဝေဦးသည် ဟန်ဆောင်တတ်သောသူ တစ်ယောက်အဖြစ် ပြောင်းလဲခဲ့သည်။

နွေရီရီနွယ်အတွက်တော့ မှိုင်းခေါင်ဝေဦးသည်ကား သူငယ်ချင်းတစ်ယောက်ဖြစ်ရုံသာမက သူမ၏နှလုံးသား တစ်ခုလုံးကိုပါ ပုံအပ်ထားမိသော တစ်ယောက်သောသူ ဖြစ်နေခဲ့သောကြောင့် ထိုသို့သောပြောင်းလဲခြင်းမျိုးသည် သူမအား ကာယကံရှင်ထက်ပို၍ နာကျင်စေသောသူ ဖြစ်စေခဲ့ပါသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now