Second String (Z+U)

Start from the beginning
                                        

ဒီ သုံးရက်အတွင်း စိတ်ထဲ တဝဲလည်လည်
ဖြစ်နေသည်မှာ အနီရောင်တွေအပြင် ထိုလူ
၏ လက်အေးအေးတစ်စုံပါသည်။ သတိရ
တိုင်း တွေးမိသည့် ထိုလက်အစုံ ပိုင်ရှင်ကို
မျက်နှာချင်းဆိုင်တွေ့လိုက်ရလျှင် စိတ်ထဲ အ
တော် နေသာသွားလိမ့်မည်ဟု တွေးမိသည်။
မဟုတ်လျှင် ရင်ထဲက မတင်မကျနှင့် အလိုမ
ကျ ဖြစ်နေသည့် ခံစားချက်ကြီးက ပျောက်
လိမ့်မည်မဟုတ်ပေ...။

အတွေးလွန်ပြီး ငေးနေမိသည်မှာ ကိုယ့်ရှေ့
က ထိုင်ခုံတွင် လူလာထိုင်မှ အသိစိတ်က ပစ္စုပ္ပန်ကို ပြန်ရောက်သည်။

" Taehyung စောင့်နေရတာကြာပြီလား...။"

မတွေ့ရသည်မှာ သုံးရက်သာရှိသေးသော်
လည်း ဒါရိုက်တာကြီး ပုံစံမှာ တော်တော်ကို
ပင်ပန်းနွမ်းနယ်​နေသည့်နှယ်...။

"အာ... မကြာသေးပါဘူး...။ ဒါရိုက်တာကြီး
အဆင်ပြေရဲ့လား။ မျက်နှာက သိပ်မလန်းသ
လိုပဲ...။ "

" အေးကွာ..။ ခုတလော Stress နည်းနည်း
များနေလို့... "

" သြော်... အခုရိုက်နေတဲ့ ဇာတ်ကားကြောင့်
လား " ဟု မေးလိုက်မိတော့ ဒါရိုက်တာကြီး
မျက်နှာက သိသိသာသာပင် ပျက်သွားပြီး
မဟုတ်ကြောင်း ပြန်ဖြေသည်...။ ပြီးတော့
စိုးရိမ်နေသည့် အသံဖြင့် သူ့ကိုပြန်မေးသည်။

" Taehyung...မင်းကော အခုတလော အဆင်​ပြေရဲ့လား ။ ထူးဆန်းတာတွေ ဘာတွေဖြစ်သေးလား...။ "

" ဗျာ? ထူးဆန်းတာ? ကျွန်တော်ကတော့
ပုံမှန်ပါပဲ... ။ ဘာမှမဖြစ်ပါဘူး...။ "

" ဟုတ်လား...။ အေး အေး ကောင်းတယ်။
ကောင်းတယ်...။ "

ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး အပူလုံးကြီး ကျ
သွားသလို ပုံစံက တစ်ခုခုဖြစ်နေကြောင်းပြ
နေသည်။

" ဒါနဲ့...အဲ့ဒီနေ့က ရိုက်ကွင်းကလေ... ။ " ဟု
စကားစလိုက်တော့  တစ်ခုခုကို လန့်သွား သည့်ဟန်ဖြင့် Taehyung ကို မော့ကြည့်
သည်။

" အဲ့ဒီနေ့ ...ရိုက်ကွင်းက ဘာဖြစ်လို့လဲ...။ "

" အာ.... အဲ့နေ့က ကျွန်တော် ဝိုင်သောက်မိ
ပြီး မှောက်သွားတော့လေ... အဲ့ဒါ ဒါရိုက်တာ
ကြီးတို့ အကုန်အဆင်ပြေသွားရဲ့လားလို့...။
မနက်ကျ အကုန်ပြန်သွားကြတယ်ဆိုတော့
နောက်တစ်ခေါက် ပြန်ရိုက်စရာမလိုတော့
တာပေါ့...။ "

Strings of Fate Where stories live. Discover now