ဘဝမှာ ကြီးကြီးမားမားမျှော်လင့်ခဲ့ဖူးတာဆိုလို့
ဘယ်သူ့ကိုမှ သူ့ကြောင့်စိတ်မပင်ပန်းစေချင်တာဘေးတစ်ခုရယ်သာ။သူ့ဘဝတစ်လျှောက်လုံး သူနဲ့
ပတ်သတ်ခဲ့သမျှလူတိုင်းအပေါ် သူဟာဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ်။ဘဝရဲ့အစက မလှပခဲ့ဘူး။
တကယ်ဆို သူဟာ ဖြစ်တည်မလာခဲ့သင့်တဲ့သူတစ်ယောက်။

ရှောင်းကျန့်ရဲ့အမေဟန်ရှင်းက ချမ်းသာတဲ့အသိုင်းအဝိုင်းကနေဆင်းသက်လာတဲ့ အမျိုးသမီးတစ်ယောက်။လှပကျော့ရှင်းပြီးမာနလည်းကြီးပြန်တယ်။ဒါပေမယ့် သူမဟာ လူလတ်တန်းစား ယောကျာ်းတစ်ယောက်ကိုရူးရူးမိုက်မိုက်ချစ်ကြိုက်ခဲ့မိတယ်။မိဘတွေ
သဘောမတူတဲ့ကြားက အချစ်တစ်ခုကိုသာ
တစ်ကမ္ဘာထင်ပြီး ချစ်ရသူကိုရွေးချယ်ခဲ့တယ်။အိမ်ထောင်သက် 2နှစ်ကျော်တော့ သူမတို့ရဲ့ဘဝထဲကို
ရင်သွေးငယ်လေးတစ်ယောက် ရောက်လာခဲ့သည်။
ဒါပေမယ့် ကံဆိုးခြင်းတွေကလည်း အဲ့ဒီအချိန်မှာပဲ
စတင်တယ်။ဟန်ရှင်း ကိုယ်ဝန်ခြောက်လလောက်မှာ သူမရဲ့အမျိုးသားဖြစ်သူဟာ အလုပ်ကိစ္စနဲ့
ခရီးသွားပြီးအပြန် လေယာဉ်ပျက်ကျပြီးဆုံးပါးသွားခဲ့တယ်။သူမအတွက်တော့ ကံကြမ္မာဆိုးတစ်ခုပေါ့။
ဒါပေမယ့်လည်း ဟန်ရှင်းဟာ ပြိုလဲမသွားအောင်
ကိုယ့်ကိုယ်ကိုယ်ထိန်းခဲ့တယ်။သူမတစ်ယောက်တည်း မဟုတ်ဘူး။သူမမှာသားလေးရှိသေးတယ်။သူမ
ဒီကလေးကို ပြုစုစောင့်ရှောက်ရဦးမယ်။မာနကြီးလွန်းတဲ့ဟန်ရှင်းဟာ သူမကိုအမွေဖြတ်စွန့်လွတ်လိုက်တဲမိဘတွေဆီ ပြန်မဆက်သွယ်ခဲ့ဘဲ တစ်ယောက်တည်းပဲ ကြိုးစားရုန်းကန်ရင်း ရှောင်းကျန့်ကို
ခက်ခက်ခဲခဲ မွေးဖွားခဲ့တယ်။အရာရာဟာ မလွယ်ကူခဲ့ပါဘူး။သိပ်ကိုခက်ခဲကြမ်းတမ်းခဲ့ပေမယ့် သူမဟာ အရှုံးမပေးခဲ့ဘူး။စိတ်ရော ကိုယ်ပါ ပင်ပန်းရပေမယ့် ရှောင်းကျန့်အပေါ်ကိုတော့မိခင်ကောင်း
တစ်ယောက်ပီသနိုင်အောင်အမြဲကြိုးစားခဲ့တယ်။

သူမကတကယ်ပဲမိခင်ကောင်းပီသခဲ့ပါတယ်။
တစ်ယောက်တည်းရုန်းကန်နေခဲ့ရပေမယ့် ​ရှောင်းကျန့်ကို ဘယ်တော့မှမျက်နှာမငယ်စေခဲ့ဘူး။
ဒါပေမယ့် အဲ့ဒီနေ့ကတော့ သူမရဲ့မြိုသိပ်ထားခဲ့
တဲ့ခံစားချက်တွေ ပေါက်ကွဲထွက်လာခဲ့တယ်။
အဲ့ဒီနေ့က....ရှောင်းကျန့်ကျောင်းကနေ အိမ်ပြန်လာ
တော့ အိမ်ရှင်အဒေါ်ကြီးနဲ့မားနဲ့စကားပြောနေတာကိုကြားလိုက်ရတယ်။

When You Were Mine(Completed)Where stories live. Discover now