အချိန်ကား ညနေ7နာရီခန့်။ဆောင်းဦးကာလမို့
နေ့တာတိုတာကြောင့် နေရောင်ဖျဖျသာမြင်ရသော
အချိန်။ဆိုင်အတွက်လိုအပ်တာတွေဝယ်ရင်း ရှောင်းကျန့်တစ်ယောက်အိမ်ပြန်လာစဉ် သူ့ကိုဝင်တိုက်
သွားတဲ့သူတစ်ယောက်။ရှောင်းကျန့်လဲကျမလိုဖြစ်
သွားတာကြောင့် ကိုယ်ဟန်ပြန်ထိန်းရင်း ထိုလူကို
ရန်လုပ်ဖို့ ပြင်လိုက်တော့ သူ့ပါးစပ်ကိုလက်နဲ့အုပ်
ပြီး မှောင်ရိပ်သန်းနေတဲ့ လမ်းကြားတစ်ခုထဲမှာဝင်ပုန်းလိုက်တဲ့လူ။ရှောင်းကျန့်ကိုပါ ဆွဲခေါ်သွားပြီး
ပါးစပ်ကိုအုပ်ထားတဲ့လက်ကိုလည်းဖယ်မပေး။
သူ့နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး တိတ်တိတ်နေဆိုတဲ့ပုံစံမျိုးလည်းလုပ်ပြသေးတယ်။ခြေဖျားထောက်ထားပုံအရ သူ့ထပ်အရပ်ပုပုံရတယ်။မှောင်နေတာကြောင့် မျက်နှာကိုသေချာမမြင်ရပေမယ့်
အညိုရောင်မျက်ဆံဝိုင်းဝိုင်းလေးတွေက ကြည်ကြည်လင်လင်။

သိပ်မကြာ ခြေသံကျယ်တွေနဲ့လူတစ်ချို့အသံတွေ
ကြားလာရသည်။စကားပြောသံတွေအရ တစ်စုံတစ်ယောက်ကိုလိုက်ရှာနေသယောင်။ဘုရားရေ....
သူတော့ အရှုပ်ထုပ်တွေထဲဆွဲခေါ်ခံရပြီလား။
တဖြည်းဖြည်းနီးကပ်လာတဲ့ခြေသံတွေနဲ့အတူ
ရှောင်းကျန့်ရဲ့စိုးရိမ်စိတ်တွေတိုးလာတယ်။
ရုတ်တရက် သူ့ရှေ့ကလူက ရှောင်းကျန့်ပါးစပ်ကိုအုပ်ထားတဲ့လက်ကိုဖယ်လိုက်ပြီး ရှောင်းကျန့်ကို
တွန်းလွတ်လိုက်ကာ သူကတော့ ထွက်ပြေးသွားလေရဲ့။သူထွက်ပြေးတာကိုမြင်သွားပုံရတဲ့လူတွေ
ကလည်း နောက်က အပြေးအလွှားလိုက်ကြပြန်သည်။တွန်းခံရလို့ လဲကျသွားတဲ့ ရှောင်းကျန့်ကတော့
ဖြစ်ပျက်သွားခဲ့သမျှကို နားမလည်နိုင်လောက်အောင်။နောက်ဆုံးတော့လမ်းသရဲအချို့ရဲ့ ရန်ပွဲဖြစ်လိမ့်မည်ဟုသာ တွေးရင်းအိမ်ပြန်လာခဲ့တော့သည်။
အညိုရောင် မျက်ဝန်းတစ်စုံကိုတော့ မှတ်မှတ်ရရ
ရှိနေခဲ့မိတယ်။

------------------------------

တစ်ယောက်တည်းနေရတဲ့ဘဝက ထင်သလောက်
မလွယ်ကူခဲ့ဘူး။အထီးကျန်ဆန်တဲ့ခံစားချက်က
အလိုအလျောက် ကြီးစိုးတယ်။ဒါပေမယ့်လည်း သူနေပျော်ပါတယ်။အနည်းဆုံးတော့ သူဟာ
ဘယ်သူ့အတွက်မှ ဝန်ထုပ်ဝန်ပိုးတစ်ခုမဖြစ်တော့ဘူးပေါ့။

When You Were Mine(Completed)Where stories live. Discover now