Shodoshima
ကြည်ပြာရောင်ကောင်းကင်ကြီးအောက်ကအေးချမ်း
သာယာတဲ့ကျွန်းငယ်လေးတစ်ခု။
ဒီနေရာလေးမှာ ကိုယ်ပိုင်ဘဝသစ်တစ်ခုကိုစတင်ဖို့
ရွေးချယ်လိုက်ခြင်းဟာ ရှောင်းကျန့်ဘဝရဲ့ အကြီးမားဆုံး အချိုးအကွေ့တစ်ခု။ရှေးဟန်မပျောက်တဲ့အိမ်အိုကြီးဟာ ကောင်းမွန်စွာ
ထိန်းသိမ်းခဲ့ပုံရတာကြောင့် ဂျပန်ရှေးဟောင်းအငွေ့အသက်များက မပြောင်းမလဲ။ခြံဝန်းကျယ်ကြီးအပြင်အိမ်အနောက်က ဂျပန်ရိုးရာကျာက်ပန်းခြံလေးက
လည်း တင့်တယ်စွာ။သဘောကျချင်စရာ အကောင်းဆုံးဖြစ်သည့် ကြာကန်ငယ်နှင့် ခပ်အိုအိုmaple
ပင်တစ်ပင်က အမြင်ဆန်းဖွယ်။ပစ္စည်းတွေကိုနေရာချလို့ တစ်အိမ်လုံးကိုလှည့်ပတ်
ကြည့်မိရင် ရှောင်းကျန့်ပြုံးမိတယ်။အိမ်ဆိုတဲ့ခံစားချက်မျိုး မခံစားရပေမယ့် ကိုယ်ပိုင်နေရာလေးတစ်ခုဆိုတဲ့ ခံစားချက်လေးအတွက်တော့ ကြည်နူးမိသည်။ဒီနေရာလေးမှာ အစပြုလို့ သူ့ဘဝကိုသူကိုယ်တိုင် ထိန်းကျောင်းရတော့မည်လေ။အိမ်ဦးခန်းရဲ့နံရံမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံထဲမှာ
အသက်ကြီးပိုင်းအရွယ်လူကြီးတစ်ယောက်ရဲ့
တည်ကြည်ခံ့ညားပြီး ဩဇာညောင်းပုံရတဲ့ မျက်နှာ
က ထင်ထင်ရှားရှား။ထိုသူဟာ ဒီအိမ်ကြီးရဲမူလပိုင်ရှင်။တစ်နည်းအားဖြင့်...ရှောင်းကျန့်ရဲ့အဘိုးဖြစ်
သူ။မိသားစုဓာတ်ပုံအစား တစ်ယောက်တည်းပုံသာ
ရှိခြင်းကိုကြည့်ခြင်းဖြင့် အဘိုးဟာအလွန်အထီးကျန်ခဲ့ရမှန်း သိသာလွန်းတယ်။ဒါကြောင့်လည်း တစ်ဦးတည်းသော မျိုးဆက်ဖြစ်တဲ့ ရှောင်းကျန့်ကို
အမွေအားလုံးလွှဲခဲ့ခြင်းပင်။သက်ရှိထင်ရှားရှိနေစဉ်ကတစ်ကြိမ်တစ်ခါမျှပင်မတွေ့ခဲ့ဖူးသော်လည်း
ဓာတ်ပုံထဲက အဘိုးရုပ်ရည်ကတော့ ခံ့ခံ့ညားညား။
ဘဝသစ်စနိုင်ဖို့် လမ်းဖောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီအိမ်ကို ကျွန်တော်ဆက်ပြီးစောင့်
ရှောက်ပေးသွားမှာပါ။အိမ်နဲ့မလှမ်းမကမ်းမှာပဲ အဘိုးပိုင်တဲ့Bakeryလေး
တစ်ဆိုင်ရှိတယ်။အသက်ကြီးပေမယ့် သန်မာနေခဲ့
ပုံရတဲ့အဘိုးဟာ နှစ်ပေါင်းများစွာ သူတစ်ယောက်
တည်း ဆိုင်ကိုဦးစီးခဲ့တယ်။အထီးကျန်ဆန်ခဲ့တဲ့
အဘိုးရဲ့ဘဝမှာ ဒီဆိုင်လေးကမြတ်နိုးရာလေးတစ်ခုဖြစ်ခဲ့မှာ အသေအချာ။ဒါကြောင့် ရှောင်းကျန့်က
လည်းဆက်ပြီးတန်ဖိုးထားဖို့ရွေးချယ်ခဲ့တယ်။
အဘိုးဆုံးပြီးကတည်းက ဆိုင်ကပိတ်ထားတာဆို
ပေမယ့်ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးပါပဲ။
အနည်းငယ်ပြင်ဆင်မွမ်းမံရုံလေးပဲလိုတာမို့ သိပ်တော့မခက်ခဲ။နောက်တစ်ပတ်လောက်မှာ ဆိုင်ဖွင့်နိုင်ဖို့စီစဉ်ရင်း လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူရသည်။