🔇silence_1🔇

Start from the beginning
                                    

ဒီညလည်း ကျွန်တော်မျက်ရည်တွေကိုအဖော်ပြုပေးမဲ့သူက ကျွန်တော်ခေါင်အုံးလေးအပြင်တစ်ခြားရှိမနေခဲ့ပါဘူး..

# silence #

အသုံးအဖြုန်းကြီးတဲ့ မိထွေးနဲ့လောင်ကစားသမားသူ့သား ကြောင့် ကျွန်တော်အဖေ၏စီးပွားရေအေအြေနေဟာ တစ်ဖြည်းဖြည်းယိုင်ကျလာခဲ့တယ်

အမြဲတစေ ဟိုသွားချင်ဒီသွားချင် ဟိုဟာရချင်ဒီဟာရချင် နေ့စဉ်မပျက် တရက်တမျိုးမရိုးရအောင် ကျွန်တေယ်အဖေအားပူစာကာ ၀ယ်ပေးခိုင်းတတ်သည်

ထိုအချိန်စေသနာရှင် အချစ်မေတ္တာပိုင်ရှင်ကြီး ကျွန်တော်အဖေဟာ ထိုမိန်းမရဲ့လက်ညိုးညွှန်ရာရွှေဖြစ်စေတယ်

ကြာလာတော ကုမ္မဏီ၏ပိုက်ဆံများကိုပင်ယူကာထိုမိန်းမရဲ့ မပြည့်နိုင်တဲ့လိုအင်ဆန္ဒ စိတ်ဆ္ဒများအားဖြည့်ဆည်းပေလေတော့ ရှယ်ယာရှင်တွေဟာလည်း တဖြည်းဖြည်းစိတ်ပျက်ကာနောက်ဆုံး ကုမ္မဏီဆုံးရူံးရသည်အထိဖြစ်လာခဲ့တယ်

အရင်လိုမပြည့်စုံတော့တဲ့ဘ၀မို့ အလုပ်လုပ်မှ အသက်ရှင်နိုင်မည်မဟုတ်လား ကျွန်တော်ဆင်းရဲသွားသည်ကိုမငြီးငြူပါ ဒါပေမဲ့ အဖေကကျွန်တော်ထက်ထိုမိန်းမကို အလေးပေးသည်ကိုတော့ယခုချိန်ထိမကျေနပ်

ကျွန်တော်အချိန်ပိုင်းအလုပ်ကလေးလုပ်ကာ Universityနောက်ဆုံးနှစ်ကိုကိုယ်ပိုက်ဆံလေးနှင့်ကိုယ်သာဆက်တတ်နေခဲ့တယ်

အခု ကျွန်တော်တို့အရင်ကလို မချမ်းသာတော့ပါ သို့ပေမဲ့လည်း အဖေဟာထိုမိန်းမရဲ့ လိုချင်ပါတယ်ဆိုတဲ့စကားတခွန်းအောက်မှာ ကျွန်တော်ဘ၀အားရောင်းစားခဲ့လေတယ်

ထိုနေ့က....

ကျွန်တော် ကျောင်းမြှပန်အလာ အိပ်ထဲတွင်မ၀င်ရသေး အော်ဟစ် အငြင်းပွားသံများကိုကြား‌နေရတယ်

ဒါကလည်း အထူအဆန်းမဟုတ် ထိုမိန်မမှလိုချင်တာမရတဲ့အခါ ကျွန်တော်အဖေမှမ၀ယ်ပေးနိုင်တဲ့အခါ ထိုမိန်းမမှ ပြဿနာရှာခြင်းပင်

ကျွန်တော်အထူးအဆန်းလုပ်‌မနေတော့ပဲ ကျွန်တော်အခန်းကိုသာတည့်တည့်မက်မက်လျှောက်သွားလိုက်တော့

🔇 SILENCE 🔇Where stories live. Discover now