Arc 1.4

3.4K 362 6
                                    

(Zawgyi)

Leoတစ်ယောက် Mr.Johnရဲ့အိမ်ကိုရောက်တော့
သူမသိတဲ့လူတစ်ယောက်က Mr.Johnနဲ့စကားပြောနေတာကို တွေ့ရသည် အရှိန်အဝါတောက်နေတဲ့လူကိုအသေအချာ
ကြည့်လိုက်တော့ ဒီကမ္ဘာရဲ့ ဇာတ်လိုက် သူ့နဲ့ သူငယ်ချင်းဖြစ်မယ့်သူကြီး Louis
အသက်ကတော့ 25လောက်ပဲရှိဦးမယ်ထင်တယ်
ရုပ်ရည်ကတော့ ခန့်ညားချောမောပေမယ့် Mr.Johnကို မမှီပေ
ဒါနဲ့ ဇာတ်လိုက်က ဒီကိုမနက်စောစောစီးစီးကြီးဘာလာလုပ်တာပါလိမ့်

'Keyရေ Louis က Mr.Johnရဲ့တူဖြစ်ပေမယ့် သူတို့နှစ်ယောက်က မတည့်ကြဘူးမဟုတ်ဘူးလား'

'ဘယ်သိမလဲ out ပြီ'

'(¬_¬;)တော်လိုက်တဲ့ system'

Keyကိုမကျေမနပ်ဖြစ်နေတုန်း Leoကို Johnကခေါ်လိုက်၏

"Leo"

"ဟုတ်ကဲ့ Boss"

"မင်းဒီကိုမလာဘဲ အဲဒီနားမှာရပ်ပြီး ဘာလုပ်နေတာလဲ"
မျက်မှောင်ကျုံ့ပြီး ပြောလိုက်တဲ့ Johnကြောင့် Leo
ကြောက်မိ၏

"ဘာ ဘာမှမလုပ်ပါဘူး Boss"

"မြန်မြန်လာ ငါက မင်းကို လာခေါ်ရဦးမှာလား"
Johnကမျက်မှောင်ကျုံ့တာအပြင် ဒေါသသံပါဖြည့်စွက်လိုက်တော့ Leo ကြောက်ပြီး ဒူးတောင်တုန်လာလေ၏

"လာပါပြီ Boss"

Mr.Johnရေ ခင်ဗျားဒီတိုင်းနေရင်တောင် ကျွန်တော်က ဇာတ်လိုက်ထက် ခင်ဗျားရဲ့ အရှိန်အဝါကို ပိုကြောက်တယ် အဲ့လိုဒေါသသံကြီးနဲ့ပြောတော့ ကျွန်တော်ဖင်တုန်အောင်ကြောက်ပြီပေါ့လို့ (μ_μ)'

Johnကတော့ Leoကြောက်နေတာကို သတိမထားမိဟန်နဲ့ စကားဆက်ပြော၏

"Louis ဒါကငါ့ရဲ့သက်တော်စောင့် Leo
မင်းနဲ့ အတူ အလုပ်ကိစ္စအတွက်အတူတူသွားလိမ့်မယ်"

'Mr. Johnက ငါ့ကိုဇာတ်လိုက်နဲ့ အတူတူသွားရမယ်ဆိုတော့ သူက မလိုက်ဘူးလားဟ'

"Leoမင်းကငါ့တူ Louisနဲ့အတူ အရင်သွားရမယ်
ငါကကိစ္စရှိသေးလို့ နောက်မှလိုက်လာခဲ့မယ် ပြီးတော့ အလုပ်ကိစ္စတွေ အမှားအယွင်းမဖြစ်စေနဲ့ "

Mr.Johnပြောနေတဲ့အလုပ်ကိစ္စဆိုတာက နည်းပညာပိုင်းဆိုင်ရာပညာရှင်နဲ့ဆွေးနွေးဖို့ဖြစ်၏   Mr.Johnရဲ့Companyက machinesထုတ်ပြီး ဇာတ်လိုက်ရဲ့ Companyကတော့  carထုတ်လုပ်၏
သိပ်မတည့်ကြတဲ့ထိုနှစ်ယောက်က စီးပွားရေးအရတော့အကျိုးတူပူးပေါင်းထားကြသည်

UntitledOnde as histórias ganham vida. Descobre agora