Arc 4...3

676 87 1
                                    

[Unicode]

နောက်နေ့မနက် Dennisအလုပ်သွားခါနီး Rioရဲ့အခန်းကိုကြည့်တော့ Rioပြန်ရောက်လာတဲ့အရိပ်အယောင်မတွေ့ရဘူး

"Conanလေး ဒယ်ဒီ အလုပ်သွားတော့မယ်"

"Okay ဒယ်ဒီ"

ဟိုနေ့ကလို သူ့ကိုတောက်ပတဲ့မျက်ဝန်းနဲ့ကြည့်နေတဲ့ငတုံးကောင်မရှိတော့ သူ့စိတ်ထဲနည်းနည်း လစ်ဟာနေတယ် အခုလည်း ဘယ်ရောက်နေမှန်းမသိတဲ့ငတုံးကောင်ကို စိတ်ပူနေမိတယ် အစားထိုးငတုံးကောင်က သူ့အာရုံထဲခဏခဏဝင်လာမယ်လို့ Dennisတစ်ခါမှမတွေးခဲ့ဖူးဘူး

Dennis Companyမှာမနက်ပိုင်းအစည်းအဝေးပြီးတော့ သူ့လက်ထဲကဖုန်းကmessageဝင်လို့တုန်ခါလာတယ်
_အိမ်ပြန်ရောက်ပြီ_

ဒီmessageတိုလေးတစ်စောင်ကြောင့် Dennisအနည်းငယ်စိတ်သက်သာရာရသွားတယ်
သူ messgaeပြန်ပို့ဖို့ စာလုံးအများကြီးစဥ်းစားပြီးမှ မေးသင့်တာကိုပဲပို့လိုက်တယ်

--မင်းဘယ်သွားနေတာလဲ--

Rioကသူ့ကိုmessageပြန်မပို့သေးတာကြောင့် မဟုတ်တဲ့နေရာတွေသွားခဲ့တယ်လို့တောင် Dennisထင်လိုက်မိတယ်

_ကျွန်တော်ဆေးရုံကိုသွားတာ_

Rioကတော့ Dennisကသူဆေးရုံသွားတာကိုသိတော့ ဒီအတိုင်းပြန်မေးတဲ့ messageပို့မယ်ထင်ပေမယ့် တစ်ဖက်လူက ဖုန်းခေါ်လာတယ်

"<မင်းဘာလို့ဆေးရုံသွားတာလဲ>"

တစ်ဖက်လူရဲ့အသံက အေးစက်နေတာကြောင့် Rioကြက်သီးဖြန်းလာရတယ်

"<အအေးမိပြီးဖျားလို့ >"

"< ငါသိပြီ >"

Dennisက 'သိပြီ'လို့ပြောပြီးဖုန်းချသွားတာကြောင့် Rioဝမ်းနည်းသွားတယ် ဒီကမ္ဘာမှာသူ့ရဲ့စိတ်အခြေအနေကထိခိုက်လွယ်ကာ
လုံးဝဆိုးရွားနေပြီ
......

အိမ်ပြန်ရောက်လာတဲ့မကောင်းဆိုးဝါးUncleကို Conanကြည့်လိုက်တော့ နေမကောင်းပြီး ဖြူဖတ်နေတဲ့ပုံပေါ်နေတယ် ခါတိုင်းသူ့ကို ရန်စတတ်တဲ့Uncleကအခုတော့ သူ့ကိုခပ်ဖျော့ဖျော့အပြုံးလေးပဲပေးတယ်
ဖုန်းပြောပြီးတော့ မကောင်းဆိုးဝါးUncleကသူ့ကိုကြည့်လာတယ်
"Conanလေး Uncleကအခုမှပြန်ရောက်တာ Uncleကိုမလွမ်းဘူးလား"

UntitledWhere stories live. Discover now