"ကို...ရောက်တော့မှာလား....ကျွန်တော့်ကိုတောင်...မနှိုးဘူး..."
"မင်းတစ်ညလုံး..အိပ်ရေးပျက်ထားတယ်လေ...အဲဒါကြောင့်...ရောက်တော့ မှ...နှိုးမလို့ပါ...."

သူကလေးက အိတ်ထဲသို့ ပစ္စည်း များထည့်ကာ ၊ သိမ်းကာဖြင့်
"ကို...နေရောကောင်းပြီလား....ဘယ်လိုနေသေးလဲ"
ဟုဆိုကာ ကျွန်တော့်နဖူးပေါ် လက်တင်၍ စမ်းလိုက်ပြီးမှ

"ကို...နေကောင်းသွားပြီပဲ...ဂရုစိုက်နော်...."

ငါကိုယ်ငါထက်.. မင်းကို.. ကိုစိတ်ပူရမှာ သွေးသစ်..မင်းကရေကြောက်တယ်လေ...ခုဟာက..ရေလမ်းခရီး...ဂရုစိုက်ရမှာက...မင်းပဲ..ကလေး..

နှစ်ယောက်တစ်ခန်း အခန်းများစီစဥ်ထားကြောင်း တည်းရမည့် အခန်းနံပါတ်များကို စီနီယာမမတစ်ယောက်က လာပြောပြပေးသည်။ ချစ်ရိပ်ကတော့ ကျွန်တော်တို့နှင့် ဟိုတယ်လည်းမတူပေ။ လူအရေအတွက်အလိုက် ရနိုင်သည့် ဟိုတယ်များတွင် စီစဥ်ထားသောကြောင့်ပင်။

နှစ်ယောက်တစ်ခန်း မည်သူနှင့်နေကြမည်ကို သွေးသစ်တို့သူငယ်ချင်းတစ်စု တိုင်ပင်နေကြစဥ် reception ဘက်မှ ပြန်ထွက်လာသော သူငယ်ချင်းတစ်ယောက်
"လင်းအံ့... မင်းလည်း..လိုက်လာတာလား...ငါတောင်မသိရဘူး...ဘယ်သူတွေနဲ့..လိုက်လာတာလဲ...ချစ်ရိပ်နဲ့..တွဲခုတ်လာတာလား...."

ကျွန်တော်တစ်ဦးတည်းသော ပေါင်းဖြစ်သည့် သူငယ်ချင်း ဖြစ်၍ ချစ်ရိပ်နေ့တိုင်း အတန်းဘက်သို့လာတတ်သည်ကိုသိ၍ စ နေခြင်းဖြစ်သည်။ သူကတော့ သူ့ကောင်မလေးနှင့်လာသည်လေ သို့သော် မိန်းကလေးချင်း၊ ယောကျာ်းလေးချင်းသာ အတူနေရန်ခွင့်ပြုထား၍ သူလည်းအဖော်မဲ့နေလေသည်။

"မဟုတ်ပါဘူး..မင်းပြည့်..ရာ...ငါ့ကို..သွေးသစ်အတင်းခေါ်လာလို့...ပါလာတာကွ....မင်းရော..ဘယ်သူနဲ့နေမှာလဲ...အဆင်ပြေရဲ့လား...."
"တစ်ယောက်တည်းကွ...မင်းလိုက်နေပါလား...."

ထိုအချိန် ဆု၏ လက်ထောက်ဖြစ်သော ဝဏ္ဏဇော်က
"လိုက်လို့ဘယ်ဖြစ်မလဲ...ကိုလင်းအံ့.. လိုက်သွားရင်..သွေးသစ်က..တစ်ယောက်တည်းဖြစ်နေမှာပေါ့...ကျွန်တော်က..နေခန့်နဲ့နေမှာ...ပြောလေ..သွေးသစ်..."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now