သူမ အတော်လေးစိတ်မကောင်းဖြစ်သွားသည်။ အမှန်ဆို ချစ်ရိပ်က Eng တော်တော် တော်သည်။ဖြေနိုင်တယ် ဟုလည်းပြောသည်။ Eng နှင့် Chem နှစ်ဘာသာ ဂုဏ်ထူးမှန်းတယ် ဟုလည်းပြောသေးသည်။ အခုတော့ သူမမျက်ရည်များ တဖြည်းဖြည်း ဝဲလာလေသည်။ ငိုလေပြီ။ သူမ ငိုလေပြီ။ ကျွန်တော်အတော်လေး ဝမ်းနည်းမိသည်။

များစွာသော လူအများရဲ့ ရှေ့မှာ ချစ်ရိပ်တရှုံ့ရှုံ ငိုနေပုံက မသိလျှင် စာမေးပွဲမအောင်လို့ ငိုနေသည်ဟု ထင်ကြမည်။ သို့ပေမယ့် ချစ်ရိပ် မဟုတ်လား။ နဂိုကတည်းက ပတ်ဝန်းကျင် ကို နည်းနည်းမျှ အလေးထားသော သူမ မဟုတ်။ တစ်ချက်မှ မတိတ်ပဲ ဆက်၍ ငိုနေလေသည်။

ကိုလင်းလည်း စိတ်မကောင်းဖြစ်၍ထင် မျက်နှာမကောင်း။ ကြာတော့သူမ ငိုနေသည်ကို ကျွန်တော် မကြည့်ရက်တော့သောကြောင့် သူမကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။ ခေါင်းလေးကို ပွတ်ကာ နှစ်သိမ့်ပေးနေမိသည်။

ထိုအချိန် ကိုလင်းဆီ ကျွန်တော့်မျက်လုံးများရောက် သွားတော့ ကိုလင်းမျက်လုံးများ လွှဲလိုက်သည်။ မမြင်ချင်၍ထင်။ ပြီးတော့
"ငါသွားနှင့်မယ်..သွေးသစ်...အိမ်မှာ..မေမေစောင့်နေတယ်...နောက်မှ...နှစ်ယောက်လာခဲ့ပေါ့..."
ဟုပြောကာ ထွက်သွားလေသည်။

ကျွန်တော် ထိုအချိန်က ချစ်ရိပ် နှင့်နှစ်ယောက်တည်း ကျန်ခဲ့သော်လည်း ကိုလင်းကိုကျေးဇူးမတင်။ ဘာကြောင့်မှန်းလည်းမသိ။ ယခုနောက်ပိုင်း အထူးသဖြင့် ချစ်ရိပ်ကို ဖွင့်ပြောပြီးနောက်ပိုင်း ကျွန်တော်ကိုယ့်ခံစားချက်ကို ကိုယ်ကိုတိုင်ပင် နားလည်ရခက်လာရသည်။ ချစ်သောသူကို ချစ်သည် ဟုဖွင့်ပြောခဲ့သော်လည်း ကျွန်တော့်ခံစားချက်များ မှားယွင်းနေသည် ဟု ထင်နေမိသည်။

ထိုနေ့ညက သူမကို နှစ်သိမ့်ပေးရင်း ကိုလင်းထက် တော်တော်လေး နောက်ကျမှ ပြန်လာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကိုလင်း Eco တစ်ဘာသာပါပြီး နှစ်ချင်းပေါက်အောင်သည်ကိုပင် ကျွန်တော် အတိုင်းမသိဝမ်းသာနေမိသည်။စာမေးပွဲဖြေခါနီးတုန်းက ကိုလင်းကျွန်တော်တို့ကို နည်းနည်းခပ်ခွာခွာနေကာ စာကိုဖိလုပ်လိုက်သည်ကို ကျေးဇူးတင်ရမည်ပင်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now