ကွန်ပျူတာခန်းဘက်သို့ ရောက်လာသောအခါ လူရှင်းသွားပြီဖြစ်သဖြင့် ခြေလှမ်းတို့ကိုမြန်လိုက်ပြီး ကိုကို့ကိုလှမ်းဆွဲလိုက်သည်။ ချက်ချင်းရပ်သွားအောင်လုပ်ဖို့ အားသုံးရန် မလိုခဲ့ပေ...။ ကိုကိုသည် အလင်းဝေကို ဒေါသထွက်သည့်စိတ်ကြောင့် ကျွန်တော့ကိုပါ ပုံမှန်ထက်စူးရှသော အကြည့်ဖြင့်  ကြည့်နေလေသည်။

သူအပြောခံလိုက်ရသည်က ကျွန်တော့ကြောင့် ဖြစ်သွားသည့်သဖွယ်...ပုံစံမျိုးနှင့်ဖြစ်နေသဖြင့်...

"ကိုကို....ကျွန်တော့ကိုပါ စိတ်ဆိုးနေတာလား..."

"လွှတ်လိုက်...ရှိုုင်းငယ်...ငါမင်းနဲ့
စကားပြောချင်စိတ်မရှိဘူး..."

ကိုကို့ရဲ့စကားကို အချိန်တိုင်းနာခံခဲ့သလိုမျိုး... အခုတစ်ခေါက်တွင်လည်း နှစ်ခါမပြောရဘဲ ချက်ချင်းလွှတ်ပေးလိုက်မိသည်။

သို့သော်.....

"အလင်းဝေက ဘာ...ဘာသဘောနဲ့ပြောတာလဲ မသိပေမယ့် သူ့ကို ...ကိုကိုကပဲ သည်းခံပေးပါ..."

"သည်းခံပေးရမယ်...မင်းကသူ့ရှေ့နေလား...အဲ့တာကြောင့်
သူ့ဘက်က ကာပြီးပြောပေးနေတာလား..."

စကားမှားသွားပြီဆိုတာကို ကျွန်တော်သိလိုက်ပါသည်။ ကိုကိုသည် စကားတစ်ခွန်းပြောတိုင်း ကျွန်တော့ရင်ဘတ်ကို အားထည့်တွန်းကာ အနောက်သို့ တဖြည်းဖြည်း ဆုတ်သွားစေပါသည်။

"သူပြောသွားတာ မကြားလိုက်ဘူးလား...
ငါ့ကိုခွေးနဲ့နှိုင်းယှဉ်ပြီး ဥပမာပေးသွားတာလေ...အဲ့တာကို မင်းက ငါ့ဘက်ကမနာဘဲနဲ့ သူ့ကိုယ်စားပြောပေးနေတာ...
မင်းမှာသတ္တိတွေ သိပ်ရှိနေတယ်ပေါ့...ဟုတ်လား..."

ကိုကိုတွန်းလိုက်သည်က အားသိပ်မပြင်းသော်လည်း ကြောက်စရာကောင်းသော မျက်နှာသွင်ပြင်နှင့် မာထန်နေသော စကားလုံးများ၏ထိုးနှက်မှုကြောင့် ကြမ်းပြင်ပေါ်၌ ဖင်ထိုင်လျှက် လဲကျသွားသည်။ကျွန်တော်ပြန်မထမိဘဲ ကိုကို့ကိုသာ မော့ကြည့်နေခဲ့မိသည်။

တင်းမာနေသောမျက်နှာမှ ချက်ချင်းလိုလို
ညှိုးနွမ်းသွားရသော မျက်နှာ...။ ထိုမှတဆင့် လဲကျနေသူကို ထူပေးရန် ကမ်းလာသော လက်တစ်ဖက်သည် ကွန်ပျူတာခန်းထဲမှ ထွက်လာသည့် မမနွေရီကြောင့် ကျွန်တော့ထံသို့ မရောက်ခဲ့ပေ။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now