Zawgyi
ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၆)မှောင်မည်းနေတဲ့ အခန်းထဲမှာ အလင်းယောင်ယဲ့ယဲ့လေးပဲ ရှိသည်။
သူ့ဘေးပတ်လည်မှာ စိတ်တိုနေတဲ့ လူတစ်စုက ဝန်းရံပြီး သူ့ကိုဝိုင်းဝန်း
ထိုးကြိတ်နေကြတယ်။ပြန်ခုခံဖို့ သူ့မှာခွန်အားလည်းမရှိသလို သူတို့ဘာကို စိတ်တိုနေကြမှန်းလည်း မသိ။ ခွေလဲနေတဲ့ သူ့ဝမ်းဗိုက်ကို အကန်ခံရလို့ ဗိုက်ကလေးနှိပ်ပြီး ကိုယ်ကိုကွေးလိုက် ပေမယ့် ကျောဘက်က ကန်ချက်တွေ အဆက်မပြတ် ရောက်လာသည်။
နာကျင်မှုကို ညည်းတွားခြင်းမရှိပဲ အံကြိတ်ခံရင် စကားသံကြားရာဆီ လှည့်ကြညိ့မိတယ်...ထိုလူကို သေချာကြည့်ချင်ပေမယ့် မှောင်နေတော့ သေချာမမြင်ရ။
"ဘယ်လိုလဲ မင်းငါခိုင်းတာ လုပ်တော့မလား...နေ့တိုင်းဒီလိုနိပ်စက်ခံပြီး ကာကွယ်ရလောက်အောင် သူကမင်းအတွက် အာ့လောက်အရေးပါ
လို့လား''ထိုလူက ပြန်အဖက်လုပ်မခံရလို့ တစ်ယောက်ထဲ စကားပြောရင်း မောသွားဟန်နဲ့ သူ့ဘေးကလူတွေကို လက်ပြလိုက်တယ်။ရပ်ထားတဲ့ ထိုလူတွေရဲ့ ကန်ချက်က သူ့ထံတဖန်ပြန်ကျရောက်လာ ပြန်တယ်။ အံတချက်ကြိတ်ပြီး ပြန်မော့ကြည့်မှာ မြင်လိုက်ရတာက ဦးခေါင်ဆီချိန်ရွယ်လာတဲ့ ဘေဘောစ့်တုတ်....
"အား...''
ဘာကိုမှမမြင်ရအောင် မှောင်အတိ...
အမှောင်ထဲမှာ လူက ပိုတိုးလို့သာ နက်ဝင်တယ်။ ကူကယ်ရာမဲ့စွာ နီးစပ်ရာ လှမ်းဆွဲလိုက်ချင်ပေမယ့် ဘာကိုမှ
ဖမ်းဆုပ်မရ ။"ကလေး...ခွေးပေါက်လေး... ''
..ချိုသာတဲ့အသံလေး တခုကြားအပြီးမှာ သူ့ခေါင်းကဆံပင်တွေကို ပွတ်သပ်ပေးနေတဲ့ နူးညံ့မှုလေးတစ်ခု...
ရိပေါ်မျက်လုံးလေး အားယူဖွင့်ကြည့်လိုက်တော့ ရှောင်ကျန့်ရဲ့ လူနာကုတင်ဘေးမှာ ထိုင်ရင်း ကုတင်ပေါ်ခေါင်းတင်ပြီး သူအိပ်ပျော်နေခဲ့တာပဲ။
ရှောင်ကျန့်က တဖန်သူ့ခေါင်းက ဆံပင်လေးတွေ လက်ချောင်းလေးနဲ့ ထိုးဖွရင်း ကြင်ကြင်နာနာလေး စကား
ပြောနေခဲ့တယ်။
YOU ARE READING
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ