ep.3

7.9K 609 19
                                    

Zawgyi

ဒယ်ဒီရဲ့ အချစ်တော်လေး
(အပိုင်း.၃)

"အစ်ကို..ဒယ်ဒီပြန်မရောက်သေးဘူးလား''

"မရောက်သေးဘူး..အကိုလေး''

"အာ အစ်ကိုကလည်း...ရိပေါ်လို့ ခေါ်လို့ရပါတယ် အစ်ကို့ထက် အသက်ငယ်တါပဲ''

"မဟုတ်ဖူး...အကိုလေး..ရှောင်bossက လေးလေးစားစားခေါ်ရမယ် ပြောထားပါတယ်''

ဒယ်ဒီစကားဆိုတော့ ဘယ်သူလွန်ဆန်
နိုင်မှာလဲ ရိပေါ်လည်း ဘာမှထပ်မပြောတော့ပဲ...ကားထဲဝင်ထိုင် လိုက်လာခဲ့တယ်...

"အစ်ကိုရှောင်ကျောင်း...အစ်ကိုက ဒယ်ဒီအနားရှိနေသငိ့တဲ့သူ မဟုတ်လား
ဘာလို့ ရိပေါ်ကိုလာကြိုတာလဲ...ကား
မောင်းနေကြဦးလေးကြီးရော''

"ဟုတ်ပါတယ်...bossက အကိုလေး လုံခြုံရေးတွက် ကျနော်ကိုတမင်ပို့ထားတာပါ''

လုံခြုံရေးတွက် ရိပေါ်လန့်သွားတယ်...ကိုယ့်အတွက်တော့မဟုတ် ကိုကို့အတွက်...

"လုံခြုံရေးတွက်ဆိုတာ...ဘာကိုပြောချင်တာလဲ...ရိပေါ်လိုလူက ဘာအတွက်လိုမှာလဲ... အစ်ကို ဒယ်ဒီနားမှာပိုရှိသင့်တာမဟုတ်ဖူးလား''

ရှောင်ကျောင်း စကားမှားမိပြီ...bossသိရင်ဆူခံရတော့မှာပဲ...

"ရှောင်bossလိုလူကို ဘယ်သူကထိရဲ
ှမှာလဲ..bossအတွက်စိတ်မပူပါနဲ့''

ဟုတ်သားပဲ သူစိုးရိမ်ပိုနေမိတာပဲ..ကားလေးအိမ်ရောက်တဲ့ထိ ရိပေါ်ဘာစကားမှ ထပ်မဆို
တော့ပဲ ငြိမ်ငြိမ်လေးလိုက်လာခဲ့တယ်။
အိမ်ထဲရောက်တော့ ဧည့်ခံထဲမှာ လူတစ်ယောက်ထိုင်နေတယ်။ရှောင်အိမ်
တော်မှာ အလုပ်သမားတွေနေခွင့်မရှိ လိုအပ်မှခေါ်တယ်...အလုပ်ပြီးတာနဲ့ သူတို့အတွက်ဆောက်ပေးထားတဲ့ တိုက်တန်းမှာ ပြန်နေရုံပဲ ဒီအိမ်ကြီးထဲမှာ နေတာဆိုလို့ ကိုကိုနဲ့သူ
ပဲရှိတယ်...ကိုကို့ခွင့်ပြုချက်နဲ့သူတစ်ယောက်သာ ဒီအိမ်ကြီးမှာနေခွင့်ရှိတယ်..
ကိုကိုကလည်း ပြန်မရောက်သေးဘူးဆိုတော့...ဘယ်သူများလည်း....

သေချာတာကတော့ မိန်းမတစ်ယောက်
ပါပဲ...

"ဟော ပြန်လာပြီလား...တို့ကမေဘရဏီပါ...ဒီလောက်ဆို တို့ဘယ်သူလဲ သိမှာပေါ့''

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)Where stories live. Discover now