ep.12

5.3K 443 8
                                    

Zawgyi

ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၂)

မျက်ရိုးတွေကိုက်နေတာကို သက်သာလိုသက်သာညား မျက်ခုံးနှစ်ဖက်ကြား လက်ညှိုးနဲ့လက်မလေး ဖိလို့ စားပွဲပေါ် လက်ကလေးနဲ့ထောက်ပြီး နိပ်နှယ်နေမိတယ်။

သူရောက်နေတာ ခွေးပေါက်လေးရဲ့ အခန်းထဲမှာလေ သခင်မဲ့နေတဲ့ အခန်းလေးက သူ့သခင်ကို မျှော်နေသယောင် သူခနခနရောက်ဖြစ်တဲ့ နွေးထွေးတယ်လို့ ထင်ရတဲ့ ဒီအခန်းလေးက
ခုတေါ့ လွမ်းစရာတွေပဲ ပြည့်နှက်နေတယ်. ...

သူရှာနေတာလဝက်လေါက်ရှိပြီ ငွေကုန်လူပန်းနဲ့ တဖြေးဖြေး စိတ်တိုစိတ်ဆတ်လာသည်။ ဂရုမစိုက်နိုင်လို့ မျက်လုံးကခုဆိုမျက်ရိုး ကိုက်လာပြီ ၊ ကျန်းချန်က ပြန်ခဲ့ဖို့အတန်တန်ဖုန်းတွေဆက် အနား
ယူခိုင်းနေပြီ်....

လွမ်းလိုက်တာ ခွေးပေါက်လေးရယ် မင်းမပါပဲမပြန်ဘူးလို့ ဆုံးဖြတ်ထားတာ ၊
မင်းဘယ်တွေရောက် ၊ ဘာတွေဖြစ်နေပြီလဲ....ကိုကို့ဆီပြန်လာ
ပါတော့ ကြာရင်ကိုကိုရူးသွားနိုင်တယ်။

~~~~~~~~~~~~~~~~~~~

ပိန်းပိတ်အောင် မှောင်နေတဲ့ အခန်းငယ်
ထဲ အားပြတ်ကာခွေလဲနေတဲ့ လူတစ်ယောက် ရုတ်တရက် အခန်းတံခါး အဖွင့်မှာ ဝင်လာတဲ့အလင်း
ရောင်စူးစူးကြောင့် အခန်းထဲကလူက မျက်နှာကိုလက်နဲ့ ကာလိုက်တယ်...

အလင်းမြင်တာနဲ့ မျက်လုံးစုံမှိတ်ပြီး လက်နဲ့ ကွယ်လိုက်ပုံက အလင်းရောင်မမြင်ရတာ အတော်အတန်ကြာနေပြီမှန်း ခန့်မှန်းရတယ်....

ဝင်လာတဲ့ လူတစ်စုထဲက ခေါင်းဆောင်
ဖြစ်ဟန်တူသူက အခန်းထဲကလူရှေ့ ခုံတစ်လုံးချလိုက်ပြီး အကျအနထိုင်နေသည်။
လဲနေတဲ့လူရှေ့ ပစ္စည်းတစ်ခု ပစ်ချလိုက်ပြီး....

"ဘယ်လိုလဲ ငါခိုင်းတာလုပ်တော့မလား''

အခန်းထဲကလူဆီက အဖြေပြန်မလာ...
ထိုအစား အဖက်မလုပ်ခြင်းတွေပဲ ပြန်လာခဲ့တယ်....
မေးခွန်းထုတ်တဲ့သူရဲ့ ဒေါသကို ဆွပေး
နေသလို....

ထိုလူက ညစ်ကျယ်ကျယ်အပြုံးတစ်ခု မျက်နှာ​ပေါ် ချိတ်ဆွဲလျက် သူ့လူတွေကို
အချက်ပြလိုက်တယ်...

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)Where stories live. Discover now