ep.1

21.6K 776 27
                                    

Zawgyi

ဒယ်ဒီရဲ့ အချစ်တော်လေး
(အပိုင်း.၁)

လောကကြီးမှာ.... လူတွေရဲ့ဘဝတွေဟာ...အနိမ့်အမြင့် အတက်အကျမညီမျှဘူး။
တချို့တွေမှာ မွေးတည်းကကံကောင်း
လာကြသလို တချို့တွေမှာမွေးတည်းက
ကံဆိုးလာကြတယ်....ကံဆိုးတဲ့အထဲမှာ
ဝမ်တိတိလေးလည်းပါတယ်။

မွေးတည်းကမိဘမဲ့ ဂေဟာမှာစွန့်ပစ်ခံရတယ်...ဂေဟာမှာ
ဘယ်လောက်ပဲလိမ်မာအောင်နေပါစေ
ကောင်းအောင်နေပါစေ...ကံဆိုးမှုတွေ
ကတော့ သူ့နောက်အရိပ်လို လိုက်နေမြဲပဲ။

လိမ်မာလို့ ဂေဟာမှုးတွေက ချစ်ခင်ကြတယ်...ချစ်စရာကောင်းတဲ့
သူငယ်ချင်းမလေး...ရှောင်ရှောင်ရဲ့
ဂရုစိုက်မှုတွေရတယ်....ဒါတွေကပဲ
ကံဆိုးမှုတွေ ဖြစ်နေပြန်တယ်။

အကိုချိန်မင်က ရှောင်ရှောငိရဲ့ဂရုစိုက်မှု
တွေမရလို့ တိတိကိုမုန်းတယ်။
တိတိပန်းကန်ထဲက ဟင်းအမြဲလုစားခံရတယ်...ဂေဟာအပြင်က အကိုတွေနဲ့ပေါင်း အနိုင်ကျင့်တယ်။

ဂေဟာကို အမြဲထောက်ပံ့ပေးနေကြ အကိုချောချောကိုမြင်တော့...တိတိစွန့်စားလိုက်မိတယ်။ ခွင့်လွှတ်ပါအကို...မခံစားနိုင်တော့လို့ပါ။
တိတိဘဝရဲ့ ကျေးဇူးရှင် တစ်ယောက်
အဖြစ် ကယ်တင်ရှင်အဖြစ် တစ်သက်လုံး မှတ်ယူသွားပါ့မယ်။

~~~~~~~~~~~~~~~~~

ရှောင်ကျန့်ဘဝ ဗျောင်းဆန်တဲ့ နေ့ပါပဲ ဘာတွေဖြစ်ကုန်တာလဲ။ သူ့မင်္ဂပွဲပျက်ပြီ
သူ့မှာ သားတစ်ယောက်ရှိနေသတဲ့.......ဟာသကြီးပါပဲ သူတောင်မသိလိုက်ပဲ ဘယ်ကသားတစိယောက် ရောက်လာပါသလဲ။

ရှောင်အိမ်တော်မှာ ရှောင်ကျန့်ရဲ့ ဒေါသ
က မိုးမီးလောင်နေပြီ....

"အဲဒီကလေးကို သွားခေါ်ခဲ့စမ်း...ငါ့သားဆိုတဲ့ အကောင်ကို သွားခေါ်ခဲ့စမ်း''

ရှောင်ကျန့်ပေါက်ကွဲနေတာကို အကွယ်တနေရာကနေ ချောင်းကြည့်နေတဲ့ အိမ်အကူအဒေါ်ကြီး
မေဘရဏီနဲ့ လက်ထပ်တော့မယ်ဆိုတည်းက သူတို့အိမ်က ပို့ထားတဲ့လူယုံ....သူ့မိဘတွေက ရှောင်ကျန့်ဘဝကို ကိုင်လှုပ်နိုင်တဲ့ထိ အင်အားကြီးမားတယ်။ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့် သူ့ဘဝကြီး ပျက်စီးမခံနိုင်ဘူး....

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)Where stories live. Discover now