...................................................................

'တကယ်​ကြီးလား...'

'​အေး....ဟုတ်​တယ်​ တကယ်​ကြီးပဲကွ'

စား​သောက်​ဆိုင်​အတွင်း ​ကျောင်းသား​လေး​တွေက
တီးတိုး​ဝေဖန်​စကားဆို​နေကြသည်​။
သူတို့စိတ်​ဝင်​တစားစူးစမ်း​နေတာက
ရှေ့ဝိုင်းက လန်​ကျန့်​နဲ့​ဝေ့ရင်းဆိုတဲ့ ​ကျောင်းကစီနီယာ​တွေ။

'ငါကြားတာ​တော့ ငါတို့​ကျောင်းရဲ့နတ်​ဘုရား​လေးဆိုတဲ့
ဂုဏ်​ပုဒ်​ရထားတဲ့စီနီယာလန်​ကျန့်​ကို အဲ့ဒီ​ဝေ့ရင်းဆိုတဲ့လူက
ဇွတ်​လိုက်​ကပ်​​နေတာတဲ့ကွ...အရှက်​မဲ့လိုက်​တာ'

ထို​ကျောင်းသား​လေးရဲ့စကားကို 
ဘေးမှအ​ဖော်​ဖြစ်​သူကလည်းချက်​ချင်း​ထောက်​ခံသည်​။

'ဟုတ်​မယ်​ကွ...ဟိုမှာကြည့်​ပါလား
စီနီယာလန်​ကျန့်​လိုလူက ဒီ​လောက်​ပြီးပြည့်​စုံတဲ့​ကျောက်​စိမ်း​လေးကို'

မကြားချင်​​ယောင်​​ဆောင်​​နေတဲ့​ဝေ့ရင်းက
တဖြည်းဖြည်းသည်းမခံနိုင်​​တော့ဘူး။
သူ့စိတ်​ထဲမှာ ရှာလကာရည်​​တွေ​မှောက်​​နေပြီ။
လန်​ကျန့်​ကပြီးပြည့်​စုံတဲ့​ကျောက်​စိမ်း​လေးဖြစ်​​တော့​ရော
သူကဘာဖြစ်​​နေလို့လဲ...နူ​နေလို့လား။
မင်းတို့​ကျောက်​စိမ်းကြီးက ငါ့ကိုအရင်​လာ​သွေးသွားတာကွ။
သူဇွတ်​တိုက်​​သွေးလို့ ငါ​ကွေးသွားတာ...
နှစ်​ဘဝလုံးလုံး မင်းတို့​ကျောက်​စိမ်းကအရင်
ငါ့ကိုဇွတ်​လာ​ကွေးတာ သိကြရဲ့လား။

ကိုင်​ထားတဲ့တူကို​ဆောင့်​ချပြီး ​ဝေ့ရင်းအသံကျယ်​ကျယ်​နဲ့
ဆောင့်​​အော်​လိုက်​တယ်​။

'လန်​ကျန့်​...'

'အင်း'

'ငါ့လက်​နာ​နေတယ်​...စားရတာအဆင်​မ​ပြေဘူး
ခွံ့​ကျွေး'

'အင်း'

လန်​ကျန့်​ကလည်း တကယ်​ထမင်းကိုဟင်းတစ်​တုံးတင်​ပြီး
ခွံ့​ကျွေးတယ်​။
ဝေ့ရင်းက လန်​ကျန့်​ခွံ့​ကျွေးတာစားပြီး
အောင်​နိုင်​သူလိုအပြုံးနဲ့ ခုနကအတင်းဆို​နေတဲ့​ကောင်​​လေး​တွေဘက်​လှည့်​ပြီး တမြုံ့မြုံ့စားပြသည်​။

You've reached the end of published parts.

⏰ Last updated: Jan 05, 2021 ⏰

Add this story to your Library to get notified about new parts!

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now