First String(Unicode)

Start from the beginning
                                        

" သရုပ်ဆောင်ပေးရမယ့်ဟာ? သြော်.. အေး
ဟုတ်သားပဲ။ မင်း သရုပ်ဆောင်ပေးရမယ့် အရေးကြီးတဲ့ ဇာတ်ကောင်တစ်ခုရှိတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပဲ သိလား။ Screen time သိပ်မပါဘူး။ "

" ဘယ်နေ့လောက်လာခဲ့ရမလဲ။ Studio ကို
ပဲလား။"

" ဟေ...အေး...ခဏကွာ" ဟုဆိုကာ On Hold လုပ်သွားသည်။ ပုံမှန် တည်ငြိမ်သည့်
ဒါရိုက်တာလီနှင့် မတူစွာ ထူးဆန်းနေသည်
ဟု ခံစားမိသော်လည်း ကိုယ်နှင့် သိပ်မဆိုင်
၍ မစပ်စုချင်ပေ။

"Taehyung ရေ...သဘက်ခါကျရင် အခု မင်း
ကို ပေးမယ့် လိပ်စာအတိုင်းသာ လာခဲ့သိလား။ မင်းရောက်လာမှ အသေး
စိတ်ရှင်းပြတော့မယ်။ ဟုတ်ပြီလား။"

"ဟုတ်ကဲ့...ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့
မယ်နော်"

" ခဏ...ခဏ Taehyung... လာဖို့ရာမေ့မနေ
နဲ့နော်။ ဒီ Role က မင်းအတွက်ပဲမို့ မင်းမ
လာရင် ငါ ဒုက္ခရောက်လိမ့်မယ် ဟုတ်ပြီ လား။"

ပိုပိုထူးဆန်းလာသည့် ခံစားချက်ကြီးကို လျစ်
လျူ ရှုကာ နားထောင်ကြောင်း ပြန်ဖြေ၍ ဖုန်း
ချလ်ိုက်သည်။

သူ တစ်ယောက်တည်းကပဲ သရုပ်ဆောင်နိုင်
မည့် Role ဆိုပါလား။ စန္ဒယားတွေ ဘာတွေ
များ တီးဖို့လား ။ သိပ်ခေါင်းရှုပ်မခံချင်တော့
သည် ညဉ်အတိုင်း အသာခေါင်းခါကာ အ
တွေးများကို ရှင်းလိုက်သည်။ သဘက်ခါက
ပိတ်ရက်မို့ သွားဖို့လာဖို့ကတော့ အ
ခက်အခဲမရှိပေ။ သူလက်ခံထားသည့် Program တစ်ခုရှိနေသည့်အတွက် ညကျ
Code ရေးရဦးမည်။ ဒါကလည်း သူ့အတွက်
ဝင်ငွေရ အလုပ်တစ်ခု။

ညစာစားချင် စိတ်မရှိတော့သည့် အတွက်
ကော်ဖီဖျော်စက်ကိုသာ ဖွင့်ထားလ်ိုက်သည်။
ဆောင်းဝင်လာပြီဖြစ်၍ အေးစိမ့်စိမ့်လေပြေ
က ဖွင့်လိုက်သော ပြတင်းပေါက်မှ တိုးဝှေ့
သွားသည်။ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုတွင်
တည်ရှိသော အိမ်ကလေးသည် ဆူညံသည်
ကို မုန်းသော Taehyung အတွက် သက်
တောင့်သက်သာဖြစ်ရသည့် နားခိုရာတစ်ခု
ဖြစ်သည်ကတော့ အမှန်ပင်။

အေးချမ်းနေသည့် ပတ်ဝန်းကျင်ကို ကြည့်ရင်း
သက်ပြင်းပူပူတစ်ချက်ကို မှုတ်ထုတ်လ်ိုက်
သည်။ ကော်ဖီလည်းရပြီဖြစ်၍ ခွက်ကို ကိုင်
ကာ Code ရေးဖို့ Laptop ရှိရာ အိပ်ခန်းထဲ
သို့သာ ဝင်လိုက်သည်။

Strings of Fate Where stories live. Discover now