First String(Unicode)

Start from the beginning
                                        

မန်နေဂျာကြီး ပေးလိုက်သောဖုန်းနံပါတ်ကို
ယူကာ အိမ်ကိုတန်းပြန်ခဲ့တော့သည်။ အိမ်
ဟု ခေါ်လိုက်ရသော်လည်း သူကလွဲ၍ တစ်
ယောက်မှ မရှိသော အဆောက်အဦသည်
အိမ်ရဲ့ နွေးထွေးမှုများ ကင်းမဲ့ခဲ့သည်မှာ ကြာ
ပြီဖြစ်သည်။

ငွေကြေးချမ်းသာသော ဆရာဖြစ်သူက သူ
တက္ကသိုလ် မတက်မီကပင် သူနေဖို့ရာ လုံး
ချင်းတိုက်တစ်လုံးသပ်သပ်ရှာဝယ်ပေးထားခဲ့
သည်။ အသက်ပြည့်ပြီးသော လူငယ်တစ်
ယောက်အနေနှင့် ငြင်းပယ်ချင်သော်လည်း
လူတွေနှင့်ဆက်ဆံရခက်သောမိမိအကြောင်း
ကို သိသည့် ဆရာက သီးသန့်နေရာလေးတစ်
ခု ပေးခဲ့ခြင်းပင်။ Tour များကြောင့် အချိန်မ
ပေးနိုင်သော်လည်း Taehyung အတွက် တတ်နိုင်သမျှ စဉ်းစားထောက်ပံ့ပေးသော
ဆရာ့ကို အားနာလွန်း၍ ကိုယ့်အသုံးစရိတ်
ကိုဖြင့် ကိုယ်တိုင်ပင် ရှာသုံးတော့သည်။

အိမ်တွင်းမီးများဖွင့်ပြီးတော့ လူမရှိသည့် အိမ်
တွင်းက ခြောက်ကပ်ကပ်။ စားပွဲပေါ်ရှိ ရီမု
ကို ကောက်ဆွဲက တီဗီဖွင့်လိုက်ပြီး တိတ်
ဆိတ်မှုကို ဖြို ခွဲလိုက်သည်။ သတင်းလာနေ
သော်လည်း အာရုံက ထိုတွင်မရှိ။

အိတ်ကပ်ထဲ လက်ထည့်လိုက်မိတော့
ဖုန်းနံပါတ်ရေးထားသည့် စာရွက်ပိုင်းကို စမ်း
မိသည်။ တတ်နိုင်သမျှ ပိုက်ဆံရှာချင်သည့်
သူ့အတွက် ဒီအခွင့်အရေးသည်လည်း ကောင်းသည်ပင်။ ထွေထွေထူးထူး တွေးမနေ
တော့ပဲ နံပါတ်များကို ရိုက်ထည့်ကာ ဖုန်းခေါ်လိုက်သည်။ လက်ခံလိုက်သူက
အလောကြီးနေသောအသံနှင့်ပြန်ဖြေသည်။

"ဟယ်လို...အရေးမကြီးရင် နောက်မှ ပြန်
ဆက်ပါ။ အခုမအားလို့..."

" ဒါရိုက်တာလီ။ ကျွန်တော် Kim Taehyung
ပါ။ မအားရင် ကျွန်တော်နောက်မှ... "

" သြော် အေး...အေး Taehyung လား။ ရတယ် ရတယ်။ ပြော...ဘာကိစ္စရှိလို့လဲ။"

ဆက်ခိုင်းသူက ဒါရိုက်တာကြီးဖြစ်သော်
လည်း သူက ပြန်မေးနေသောကြောင့် အနည်းငယ် ကြောင်သွားသည်ကတော့ အမှန်။

" ဟို...ဒါရိုက်တာကြီးက ဆက်ခိုင်းတယ် ဆို
လို့။ ကျွန်တော် သရုပ်ဆောင်ပေးရမယ့် နေ
ရာရှိလို့လား။"

Strings of Fate Where stories live. Discover now