First String(Unicode)

Start from the beginning
                                        

"မင်းကိုပြောဖို့မေ့နေတာ။ ဒါရိုက်တာလီက
ဖုန်းလှမ်းဆက်တယ်ကွ။ မင်းလာကူလို့ရ
မယ့် Role တစ်ခုရှိတယ်တဲ့။ အဲ့ဒါ မင်းက
ဆက်သွယ်လိုက်ဦး။ ဖုန်းနံပါတ်ပါ ယူသွား"

ဒါရိုက်တာက ဖုန်းလှမ်းဆက်တယ်ဆိုလို့
အထင်ကြီးစရာ ဇာတ်ရုပ်တွေကို သရုပ်
ဆောင်ရန်မဟုတ်။ Kim Taehyung ဆိုသော
သူကလည်း ရုပ်ရှင်မင်းသားမဟုတ်ပေ။ လူ
တကာက ချောမောသည်ဟု အမြဲတစေချီး
မွမ်းကြတတ်သော ဤရုပ်ရည်ကြောင့်သာ
ဒါရိုက်တာကြီးက မျက်စိကျ၍ လာကမ်းလှမ်း
သည်ပင်။ နဂိုက လူတောတိုးဖို့ရာ သဘောမ
ကျသည့်သူကလည်း လက်မခံချင်၍ ငြင်း
သည်ကိုကပင် ပိုစိတ်ဝင်စားစေသည်လားမ
သိ။ လူတွေနှင့် ဆက်ဆံဖို့ရာ အကျပ်ရိုက်
သော သူ့အတွက် နှစ်ခါပြန်ငြင်းရန်မှာ ခက်ခဲ
လွန်းသောကိစ္စ။ ထို့ကြောင့်လည်း မိနစ်ပိုင်း
စာသာပါသော ဇာတ်ရုပ်ကိုသာ သရုပ်ဆောင်
ပေးနိုင်မည်ဟု မဖြစ်နိုင်သည်ကို ပြောခဲ့
သော်လည်း အံ့သြဖို့ကောင်းစွာ ဒါရိုက်တာကြီး
က လက်ခံခဲ့သည်။

ထိုနောက်ပိုင်းမှ စ၍ ဒါရိုက်တာကြီးရိုက်သော
ဇာတ်လမ်းတစ်ချို့တွင် ဖြတ်သွားဖြတ်လာ
ုဖြစ်စေ၊ မင်းသားကို ဝိုင်းပြဿ နာရှာသည့် လူ
မိုက်အဖွဲ့ထဲကဖြစ်စေ၊ မှုခင်းကားတွင် စော
စောစီးစီး သေသွားတတ်သည့် ဇာတ်ရုပ်ဖြစ်
စေ နှစ်ခါပြန်မပါသည့် ဇာတ်ရုပ်များဆိုလျှင်
ဒါရိုက်တာကြီးက သူ့ကိုသာခေါ်တော့သည်။

သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် မတန်
စွာ သရုပ်ဆောင်ကြေးကို ရက်ရက်ရောရော
ပေးတတ်သော ဒါရိုက်တာကြီးသည် သူ့အား
စန္ဒယားတီး သင်ပေးခဲ့သော ဆရာဖြစ်သူ၏
သူငယ်ချင်းဖြစ်ကြောင်း နောင်များမှ သိခဲ့ရ
သည်။

ဆုံးပါးသွားသည့် မိဘနှစ်ပါး၏ သူငယ်ချင်းအ
ဖြစ် Taehyung ကို ငယ်ကတည်းက စောင့်
ရှောက်ခဲ့သူ ဆရာသည် ဂန္တဝင် တေးဂီတ
လောကတွင် အတော်အတန်နာမည်ရသည့်
စန္ဒယားပညာရှင်တစ်ယောက်။ သူ့ကြောင့်
လည်း စန္ဒယား တီး၍ တစ်ဖက်တစ်လမ်းက
ဝမ်းစာဖြည့်နိုင်ခဲ့ခြင်းပင်။ အမြဲတစေ
သူ၏ Orchestra အဖွဲ့နှင့် ကမ္ဘာလှည့် ဖျော်
ဖြေနေရသော ဆရာသည် သူ့အား အမြဲဂရု
မစိုက်နိုင်ခဲ့။ သို့သော်လည်း အသက် ၂၀ အ
ရွယ်ထိရောက်အောင် နေစရာ၊စားစရာ
ထောက်ပံ့ခဲ့သော ဆရာသည် သူ့အတွက် အ
ဖေတစ်ယောက်နှင့် မခြားခဲ့...။

Strings of Fate Where stories live. Discover now