𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(16)

Start from the beginning
                                    

ယ​နေ့ ​ဆော့ဂျင်​ မျက်​နှာမ​ကောင်းမှန်း နမ်​ဂျွန်း ရိပ်​မိသည်​။
သူ့ကို စိတ်​ဆိုးမှာ​ကြောက်​လို့ ဘာမှမ​ပြောတာကိုလည်း
နမ်​ဂျွန်းသိသည်​။

ကိုယ်​က စိတ်​မ​ကောင်း​ပေမယ့်​ ခန​လေးပဲ​စောင့်​ပါ ဂျင်​။
ကိုယ်​က မင်းတစ်​​ယောက်​ထဲ ချစ်​တာမို့ မင်းတစ်​​ယောက်​ထဲကပဲ ကိုယ့်​နှလုံးသားမှာ​နေရာယူထားတာပါ ဂျင်​။
ကိုယ်​ကမင်းကို တစ်​​နေ့ကြင်​ယာ​တော်​ တင်​​မြှောက်​ပြီး ကိုယ်​က မင်း​ဘေးမှာပဲ အမြဲ​နေမှာပါ ဂျင်​။

"​မောင်​~~~"

နမ်​ဂျွန်း အ​တွေးများကိုရပ်​တန့်​ပြီး နန်း​တော်​အပြင်​ထွက်​ရန်
မြင်း​ပေါ်တက်​လိုက်​ချိန်​ ခပ်​ချိုချို ​ခေါ်သံ​လေးကို ကြားတာမို့ နမ်​ဂျွန်း ပြုံးမိသည်​။

လှည့်​ကြည့်​​တော့ နှစ်​​ယောက်​မရှိသည့်​ ဂို​လျောမင်းသမီးငယ်
ဖြစ်​တလဲ သူ၏ကြင်​ယာ​တော်​ဂီ။
နမ်​ဂျွန်းလည်း မြင်း​ပေါ်က ဆင်းလိုက်​​ပြီး သူမဆီကို ​လျှောက်​သွားလိုက်​သည်​။

"​မောင်​ ဘာလို့ ကျွန်​မကို အသိမ​ပေးရတာလည်း "

"ကိုယ်​​တောင်​ပန်​ပါတယ်​ကွာ"

ထိုအခါမှ သူမက နမ်​ဂျွန်းကို သိုင်းဖက်​ရင်း

"ရပါတယ်​ ​မောင်​ ​မောင်​​ဘေးကင်းကင်းနဲ့ ပြန်​လာနိုင်​ပါ​စေ
မောင်​ "

"​ကျေးဇူးတင်​ပါတယ်​ ကိုယ်​သွား​တော့မယ်​​နော်​ အချိန်​မရှိ​တော့ဘူး"

နမ်​ဂျွန်း သူမကို အချိုသာဆုံးပြုံးပြပြီး မြင်း​ပေါ်သို့တက်​ကာ ထွက်​သွားလိုက်​​တော့သည်​။
နောက်​တွင်​​တော့ အလှပဆုံးပြုံးပြီး ကျန်​ခဲ့တဲ့ ကြင်​ယာ​တော်​ဂီ။

"​မောင့်​ကို ချစ်​လိုက်​တာ ​မောင်​မချစ်​လည်း ကျွန်​မက​တော့ ​မောင့်​ကိုချစ်​တယ်​ ​မောင်​ အမ​တော်​​ကြောင့်​ပဲ ဒီကို လိုက်​ခဲ့တယ်​ထင်​ရင်​​တော့ ​မောင်​မှားသွားလိမ့်​မယ်​ ​မောင်​ကို သိပ်​ချစ်​တာမို့"

သူမ ခပ်​​တိုးတိုး​ရေရွတ်​ရင်း အ​ဆောင်​သို့ ပြန်​သွားခဲ့သည်​။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now