သူ့တို့နှစ်ယောက်ရဲ့ နမ်းရှိုက်မှုကို ရပ်တန့်လိုက်တော့
မခွာချင်ပဲ ခွာလိုက်ကြရသော
နှုတ်ခမ်းနှစ်လွှာကြားက သရေတန်းလေးက
တွဲလောင်းလေး

- အင်း မင်းငါ့ကို သဘောကျချင်နေပြီမလား

လို့မေးတော့ tae hyungကခေါင်းလေးငုံ့ထားသည်
နှုတ်ခမ်းလေးနှစ်လွှာကလည်း တစ်ခုခုကိုပြောချင်နေသလို
ဟစိဟစိလေးဖြစ်နေသည်

ငုံထားသောခေါင်းလေးကို ဆက်ခနဲ့ဆွဲမော့လိုက်တော့
စင်းထားတဲ့ မျက်တောင်ရှည်ကော့ကော့လေးတွေမှာ တွဲလွဲခိုနေတဲ့
အရည်ကြည်လေးတွေ

- ကလေး မင်းငိုနေပြန်ပြီလား

- ဟင့်အင်း မ မငိုပါဘူး

- ဒါဆို ဒါတွေက

ဆိုပြီး မျက်လုံးလေးကို လက်နဲ့ဆွဲပွတ်လိုက်တော့
ပါလာတဲ့ မျက်ရည်တွေ

- ကျ ကျနော် ပြောစရာရှိတယ်

- အွန်း ပြော

- ကျနော်လေ ကျနော်

- ခင်ဗျားကို ချစ်~တယ် ~

မထင်မှတ်ထားသောစကား

jungkookလုံးဝမထင်မှတ်ထားတဲ့စကားကို
ထိုကလေးက ပြောလိုက်ခြင်းပင်

- ဘ ဘယ်လို??

- ချစ်တယ်လို့ ခင်ဗျားကြီးကို အ~ရမ်း

နောက်ဆက်ပြောလိုက်သော စကားလေးက
မသိမသာလေးတိမ်ဝင်သွားသည်

- ကျနော် ခင်ဗျားကို စစတွေကတည်က စွဲလမ်းမိခဲ့တာ

- ခင်ဗျားကျနော့်အပေါ် ဒီလိုအဓိပ္ပယ်မဲ့တဲ့
လုပ်ရပ်တွေနဲ့ ထိန်းချုပ်တိုင်း ကျနော် ဘာ့ကြောင့်
ရုန်းမထွက်ပဲ ငြိမ်ခံနေခဲ့လဲဆိုတဲ့ အကြောင်းကို
ခင်ဗျားရိပ်မိမယ်ထင်လို့ ကျနော်လေ ခင်ဗျားကို အရမ်း အွန့်

tae hyungစကားတောင်မဆုံးမှီ
jungkookက tae hyungကို တင်းကျပ်စွာ
ဆွဲဖက်လိုက်သည်

- မပြောနဲ့တော့ ကလေး

- ကိုယ်လေ မင်းကိုနောက်ထပ် အတ္တကြီးတဲ့
အချစ်တွေနဲ့ မချုပ်နောင်တော့ပါဘူး ကလေး

- ဟင့်အင်း အဲ့လိုအတ္တကြီးတဲ့အချစ်တွေနဲ့ပဲ ကျတော့်ကို
ထာဝရချုပ်နောင်ထားပေးပါ သခင်

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now