လမ်းတစ်ဝက်ရောက်တော့ slow down တစ်ခုကိုတက်မိကာ ပြန်အဆင်းတွင် စက်ဘီးထိုင်ခုံကိုသာ လက်ကိုင်လာခဲ့သော သွေးသစ်တစ်ယောက် အရှိန်လွန်ကာ
"အိုး....." ဟူ၍ ပြုတ်ကျရန်ဟန်ပြင်နေသော သွေးသစ်ကို ကျွန်တော့်လက်တစ်ဖက်မှ သူကလေးလက်ကို လှမ်းဆွဲကာ ကျွန်တော့်ခါးကိုဖက်ထားစေလိုက်သည်။

"မင်းမပြုတ်ကျ..စေရဘူး...ကို့.."ခါးကိုသေချာဖက်ထား..." ဟူ၍ အာဏာရှင် ဆန်ဆနိ အမိန့်ပေးလိုက်လေသည်။

ခဏအကြာတွင်တော့ သူကလေး၏ လက်နှစ်ဖက်စလုံး ကျွန်တော့်ခါး အနောက်ဘက် မှတစ်ဆင့် ခါးအရှေ့ဘက်သို့ ယှက်တင်လာလေသည်။ ကျွန်တော် အလိုလိုပြုံးမိသွားသည်။ သူကလေးက ငါ့ကိုအားကိုးသားပဲ ဟူသော အတွေးများလည်းဝင်လာလေသည်။

ချစ်သောသူ၏ အားကိုးတကြီး ထွေးဖက်ထားမှုမှာ ကျွန်တော် ခဏတာ သာယာမိလေသည်..........

&&&&&&&&&&&

အိမ်ရောက်တော့ ကျွန်တော်ထင်သည့်အတိုင်းပင် မည်သူမျှ ရှိမနေ။ အိမ်ဖော် အန်တီကြီးကလည်း သွေးသစ်ရှိနေသည့်ရက်သာ အိမ်တွင်ရှိနေပြီး မရှိလျှင် သူမအိမ်သို့ မနက်စာချက်ပြီးလျှင် ပြန်သွားတတ်သည်။

သွေးသစ် ကို အရင်ဆုံး စက်ဘီးပေါ်မှတွဲကာ အခန်းထဲသို့ ပို့ပေးလိုက်မိသည်။ ပြီးမှ အိတ်နှင့် ထမင်းချိုင့်များကို နေရာတကျပြန်ထားကာ ကျွန်တော် သွေးသစ် အနားသို့ ပြန်သွားလိုက်သည်။

သူကလေး အိပ်ယာပေါ်တွင် ငြိမ် ငြိမ်လေးနေနေသည်။ သို့သော် သက်သာပုံ မပေါ်၍
"ကို...ဆရာဝန်ခေါ်ပေးရမလား...သွေးသစ်....."
"နေနေ...ကိုလင်း....ဟောဟို...အံဆွဲထဲ မှာ...ဆေးရှိတယ်...ကျွန်တော့်ကိုယူပေးပါလား......."

သွေးသစ်က အိပ်ယာနှင့် ခပ်လှမ်းလှမ်းရှိသော အံဆွဲကို လက်ညှိုးထိုးကာ ပြောလိုက်သောကြောင့် ကျွန်တော် မဆိုင်းမတွပင် အံဆွဲဖွင့်လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြသွားရသည်။

အံဆွဲထဲ တွင် ဆေးဘူးအများကြီး နှင့် ဆေးစာ အများအပြားကိုတွေလိုက်ရသည်။ များပြားလှသော ဆေးများကြောင့် ဘယ်ဆေးကိုယူပေးရမှန်းပင် မသိတော့၍
"ဆေးတွေက...အများကြီး ပဲ...သွေးသစ်...ကို..ဘယ်ဆေးပေးရမလဲ......"

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now