8: သုံးယောက်

Start from the beginning
                                    

"ဟုတ်ကဲ့..... "ဟုပြောကာ စက်ဘီးတစ်စီးနှင့် ထွက်လာခဲ့လိုက်မိသည်။

စက်ဘီးစီးတော့လည်း ကိုလင်းကိုသတိရမိပြန်သည်။ ဘေးချင်းယှဥ်ကာ အမြဲစီးနေကျ စက်ဘီးတစ်စီးကို အောက်မေ့မိသည်။ ကျွန်တော့်စိတ်ထဲတွင် ယခင်ကဲ့သို့ပင် အထီးကျန် သလို ခံစားနေရသည်။

ရခိုင်မုန့်တီဆိုင် ရောက်တော့ မုန့်တီတစ်ပွဲမှာကာ တုတ်ထိုးကို စိတ်ကြိုက်သာ ထိုင်စားလိုက်မိတော့သည်။

ထိုအချိန်  ကျောချင်းကပ် စားဝိုင်းတစ်ခုမှ
မိန်းကလေးတစ်ဦးနှင့် စားပွဲထိုးအကိုကြီး တို့အသံ
"အကိုညီမမှာ...သုံးထောင်ပဲပါလာလို့...ရလားဟင်.."

"ဟာ..ဒီမယ်..အဲ့ဒါဆိုအစကတည်းက..ပါသလောက်ပဲစားပါလား...ခုတော့ကွာ..."

"ဒီမယ်...ကျွန်မမှာပါတဲ့ပိုက်ဆံက..ဒီရေမွှေးဝယ်လိုက်လို့ရှင့်....ပြီးတော့ တစ်ခါတည်း..လမ်းကြုံလို့..ဝင်စားလိုက်တာ...ကျွန်မအိမ်ကဒီနားတင်...ပြီးရင်..လိုတဲ့ ပိုက်ဆံလာပြန်ပေးမယ်..ရလား..."

"မင်းကိုငါ..တစ်ခါမှမမြင်ဖူးဘူး....လာမပေးရင်ဘယ်လိုလုပ်မလဲ....ဘယ်မှမသွားရဘူး....."

"မသွားရင်လိုတဲ့..ပိုက်ဆံဘယ်လိုပေးရမှာလဲ....ရှင်စိုက်ပေးမှာလား...."

"မင်းစားတာ..မင်းရှင်းရမှာပေါ့...."

"အဲ့ဒါ ကြောင့်..ပိုက်ဆံ သွားယူမယ်လို့..ပြောတာပေါ့...ရှင်နဲ့တော့..ခက်ပြီ...."

"ခက်တာက..မင်းကွ...ဘယ်လိုဟာမလေးမှန်းမသိဘူး..သူကလည်းမှားသေး...လေသံကိုက...."

မှန်တော့မှန်ပါသည်။သူမဘက်ကလည်း မှားသေး လေသံကနည်းနည်းမှ မလျှော့။ စိတ်ညစ်လို့ မြစ်ကမ်းဘေးလာထိုင်ကာမှ သပွတ်အူရေထဲမျော လာသည့်အဖြစ်မျိုးနှင့် ကြုံနေရသည်။ ကျွန်တော်လည်းမနေသာသည့်အဆုံး
"ဒီမှာ... ပိုက်ဆံကဘယ်လောက်လိုလို့လဲ....."

သူမကပင် သွက်သွက်လက်လက်ဖြင့်
"တစ်ထောင်တည်းပါ!...အကိုရယ်......"

ကျွန်တော် တစ်ထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တော့ သူမကလှမ်းယူလိုက်ကာ စားပွဲထိုးအကိုကြီးကို
"ရော့...နောက်ဘယ်တော့မှ..လာမစားဘူး...."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now