' Key မင်းငါ့ကို ခန္ဓာကိုယ်မှားပြီးပို့ပေးတာလား'
Bryce မယုံသင်္ကာနဲ့မေးလိုက်သည်

' မဟုတ်ပါဘူး Host ဒီခန္ဓာကိုယ်ပိုင်ရှင်က အားနည်းတဲ့ပုံပေါက်ပေမယ့် လျင်မြန်ပြီး လူတစ်ယောက်ကို အသာလေးသတ်နိုင်ပါတယ် Host'

'မယုံနိုင်စရာပဲ OoO'

'မေးစရာမရှိရင် outပြီHost'

'နေဦး ငါမေးစရာရှိတယ် ငါအခုဘယ်အခြေအနေရောက်
နေတာလဲ'

/ဟုတ်တယ် ကလေးပိစိရုပ်နဲ့ Keyက တစ်ခါမှကို စိတ်မရှည်ဘူး/

'Hostတွေးနေတာ ကျွန်တော်သိတယ်နော်'

'အဟမ်း ငါက Keyလေးက ချစ်ဖို့ကောင်းတယ်လို့တွေးနေတာပါ'

'မျက်နှာပြောင်တိုက်ချက်(¬_¬;)'

'ထားပါတော့ ငါမေးတာဖြေဦး Key ရေ'

'ခန္ဓာကိုယ်ပိုင်ရှင်ကအရင်က ရန်ဖက်တွေနဲ့တွေ့ပြီး ရန်ဖြစ်တာ ထိခိုက်မိပြီး အိမ်ပြန်လာပြီး အိပ်ရာပေါ်မှာမေ့လဲနေတဲ့အချိန်ကို Hostရောက်နေတာပါ
ဇာတ်လိုက်ကတော့ ဘာမှမထူးခြားသေးပါဘူး'

'Omm ရပြီ '

'ဒါဆိုလဲ outပြီbye( ' ▽ ' )'

Keyက ငပျင်း systemပဲ poker faceပဲရှိတယ် ထင်တာ နောက်တတ်ပြီး အရမ်းပျင်းတဲ့ systemကိုရထားတာပဲ -_-

အခုတော့ ဇာတ်လိုက်ရဲ့ ဦးလေး Johnဆီမှာ အလုပ်လုပ်ရဦးမယ်ဆိုတော့ အလုပ်သွားဖို့ပြင်ဆင်ရဦးမယ်

မျက်နှာသစ် ရေချိုးပြီး အလုပ်သွားဖို့အတွက် ဗီရိုထဲမှာ အဝတ်အစားရှာကြည့်တော့ OMGအကုန် အနက်ရောင်Hoodieတွေ အနက်ရောင် ဘောင်းဘီတွေနဲ့ အနက်ရောင် suitတွေချည်းပဲ-_-
အလုပ်သွားရလို့ အနက်ရောင် suitဝတ်ရတာထားပါတော့ ကျန်တဲ့အချိန်တွေမှာလည်း အနက်ရောင်ပဲဝတ်တာလားဟ
အာပြန်စဉ်းစားကြည့်မှ ခန္ဓာကိုယ်ပိုင်ရှင်က ဒုစရိုက်သမားဆိုတော့ psychoဖြစ်ပြီး အနက်ရောင်ကြိုက်နေတာလဲဖြစ်နိုင်တာပဲ

UntitledWhere stories live. Discover now