Part 4(Unicode)

Începe de la început
                                    

လမ်းတလျှောက်ရှိ မြင်ကွင်းများကို ဖြတ်ကျော်လာရင်း စိတ်ထဲ၌ နက်နက်နဲနဲ စဉ်းစားနေမိသောအရာမှာ ကိုကို... ကျွန်တော့ကို မုန်းနေသလားဟူ၍ပင်....။

ကမ္ဘာကြီးပေါ်မှာ ရှိနေဖို့လည်းမထိုက်တန်၊ အသုံးမဝင်သော်လည်း ရှင်းပစ်ဖို့ခက်နေတဲ့ အမှိုက်တွေလိုမျိုး ကျွန်တော့ကိုလည်း အမှိုက်တစ်စကဲ့သို့ စိတ်ဒုက္ခပေးသော ကောင်လေးတစ်ယောက် ဟုသာ ကိုကို သတ်မှတ်ထားသည်လေ။

တိုက်တိုက်ဆိုင်ဆိုင် လမ်းဘေး၌ စည်းမဲ့ကမ်းမဲ့ပစ်ချထားသော အမှိုက်တွေကိုမြင်တော့ တစ်ကိုယ်တည်း ရေရွတ်မိသည်။

"လူတွေသာ စည်းကမ်းရှိရင် အမှိုက်တွေက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...
တကယ်တမ်းကျတော့ လူတွေက သူတို့ရဲ့အပြုအမူအတိုင်း သူတို့ပြန်ခံနေရတာပဲမလား..."

ကိုကို့ဘက်သို့ မသိမသာလှည့်ကြည့်လိုက်သည်။ ကိုကိုသည်လည်း မြင်ကွင်းတစ်ခုပြီးတစ်ခု ပြောင်းသွားသော ပတ်ဝန်းကျင်ကို တိတ်တဆိတ် ငေးကြည့်နေသည်။

ကျွန်တော့မှာသာ လူတစ်ယောက်ရဲ့အတွေးကို ဖတ်လို့ရနိုင်တဲ့ အစွမ်းမျိုးရှိမည်ဆိုလျှင် ကိုကို့အတွေးတွေကို အရင်ဆုံးဖတ်ကြည့်ချင်သည်။

အဘယ်ကြောင့်ဆိုသော်

မဖြစ်မနေပြောလိုက်ရသော စကားတစ်ခွန်းထက်စာလျှင်
မပြောဖြစ်ခဲ့သော အတွေးတို့၌ ရိုသားမှုတွေ
ပါကောင်းပါနိုင်သည်ဟု မျှော်လင့်မိ၍ဖြစ်သည်။
.
.
.
.
.
ုကြက်သွေးနီရောင်စံအိမ်ကြီးဆီသို့ ရောက်ရန် ခင်းကျင်းထားသည့် ဘိလပ်မြေလမ်းအကွေ့အကောက်၏ ဘေးနှစ်ဖက်၌ သစ်ပင်တို့်က စိမ်းစိမ်းစိုစိုရှိလှသည်။ အလှစိုက်ပန်းပင်များ၏  သဘာဝမှ ဖြစ်တည်လာသော မွှေးရနံ့ကို ကားတံခါးမဖွင့်ထားသော်ငြား ရင်ထဲမှ ခံစားမိနေသည်။

အိမ်ပြန်ရောက်တော့ နှစ်နာရီခွဲဖြစ်နေလေပြီ။ လမ်း၌ဖြုန်းခဲ့ရသော အချိန်နာရီဝက်ခန့်တွင် ဖြစ်ပေါ်လာသော အတွေးများက စိတ်ညစ်စရာ ချည်းသာဖြစ်သည်။ သို့သော်လည်း စိမ်းစိုလှပနေသော သစ်ပင်၊ပန်းပင်များကို မြင်လိုက်ရသည်နှင့် ပူလောင်မှုများအားလုံး ငြိမ်းအေးသွားရသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Unde poveștirile trăiesc. Descoperă acum