6:လူရှုပ်ကလေး

Start from the beginning
                                    

"ဒီမယ်...လဝန်းပြာ...မင်း..သွေးသစ်ကျောင်းလာတာ...မတွေ့သေးဘူးဆိုရင်...ဟိုမှာ..အုတ်ခုံတွေ့လား...အဲ့မှာ..သူလာတဲ့အထိသွားထိုင်စောင့်...လာမယ်..မလာဘူး..ငါလည်းမသိဘူး......အာရုံတော့လာမနောက်နဲ့...ပေါက်တယ်နော်........."

"ဟုတ်...ဟုတ်ကဲ့ပါ.!...." ဟုကြောက်ကြောက်လန့်လန့်ဖြစ်ကာ လှည့်ထွက်သွားလေသည်။

မှတ်ထား...အဲ့ဒါ..ငါ့ဗီဇအမှန်ပဲ.... ဟူ၍ စိတ်ထဲမှပင် ကြိမ်းဝါးလိုက်လေသည်။

သို့ပေမယ့်လည်း ကျွန်တော်ကိုယ်တိုင်ပင် သွေးသစ် ကိုနားလည်ရန် ခက်ခဲသည်။သူနှင့်ကျွန်တော်က ကျောင်းလည်းတူ၊အခန်းလည်းတူ၊အတူတူလည်းထိုင် ပါလျက်နှင့် သူနှင့်ပတ်သက်သည့်နောက်ကြောင်းများကို မသိ၊ မသိဆိုသည်ထက် မသိချင်သည်လည်းပါ၍ မမေးဖြစ်ခဲ့။

ကျောင်းစတက်သည်မှာ တစ်ပတ်သာ ရှိသေးသည်ဖြစ်၍ သူ့ရဲ့သူငယ်ချင်း သုံးယောက်နှင့် မိတ်ဆက်ပေးခြင်း၊ ဆရာမများနှင့် မိတ်ဆက်ပေးခြင်း၊ ကျောင်းစည်းကမ်းများ ပြောပြခြင်း စသဖြင့်သာ ပြောပြသေးသည်။ သို့သော်လည်း သူမည်သို့မည်ပုံ ပြောပြထားသည်မသိ ကျွန်တော်ဟာ repeater တစ်ယောက်မှန်းတော့ ကျောင်းသားအများစု သိထားပုံရဖြင့် အကို ဟုသာခေါ်ကြသည်။

ဒီနေ့တော့ သူကျွန်တော်နှင့် ကျောင်းအတူမလာ။ ယခင်ရက်များတွင်တော့ စက်ဘီးတစ်ယောက်တစ်စီးစီဖြင့် လာကြသည်။ ကျွန်တော် ကျောင်းသွားရန် ဝင်ခေါ်လေတော့ သူ့အိမ်တွင်ရောက်နေသော အန်တီ ကြီး တစ်ယောက်က သွေးသစ်ကျောင်းမတက်ဘူး ဟုပြောလိုက်၍ စိတ်မပါလက်မပါစွာ ထွက်လာခဲ့ခြင်းဖြစ်လေသည်။

ဘာကြောင့်မှန်းမသိ သူကျောင်းမတက်လျှင် ကျွန်တော်လည်းမတက်ချင်၊ သူမရှိပါပဲနှင့် ဒီနေ့တစ်နေကုန် ကျွန်တော် ဘယ်လိုဖြတ်ကျော်ရပါ့မလဲ။

သူနှင့်ကျွန်တော် တော်တော်လေး အနေနီးလာ၍များလား? ဟုတ်ပါသည် ၊ သူကကျွန်တော့်အား အကိုတစ်ယောက်ကဲ့သို့ ခင်မင်သော်လည်း တစ်ခါတစ်ခါ မဖြစ်နိုင်တာများခိုင်း၍ အနိုင်ကျင့် ဗိုလ်ကျတတ်သေးသည်။ သူဘယ်လိုဆိုးဆိုး ကျွန်တော်ကတော့ ကျေနပ်နေမိသည် မှတစ်ပါး.......အခြားမရှိပြီ။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now