5: မင်းအတွက်ဆိုရင်

Начните с самого начала
                                    

"ရတယ်လေ!..ဒါလေးများ...."

"ကျွန်တော် စကား မဆုံးသေးဘူးလေ...."
"..............."

"ကျွန်တော်က.. မနက်ဆို ပုံမှန်...၆နာရီထိုးတယ်....နိုးနိုးချင်း...အဲ့ဒီမုန့်ဟင်းခါးစားချင်တယ်....."

"အန်!!........." ဟု တစ်လုံးတည်းသာ ကျွန်တော် ပြန်ပြောနိုင်တော့သည်။မနက် ၉ နာရီတောင်မနည်းထရတဲ့ ကျွန်တော့် အတွက်တော့...

"ဒါဆိုလည်း...လမ်းထိပ်နားကမုန့်ဟင်းခါးဝယ်ပေးမယ်လေနော်......မြောင်းမြ ဒေါ်ချိုက..ဝေးတယ်ကွ..." ဟု ကျွန်တော်စျေးဆစ်မိသည်။

"No..No...ကျွန်တော်စားချင်တာ လမ်းထိပ်ကမဟုတ်ဘူး....အရသာကိုမှတ်မိတယ်နော်...ကိုလင်းညာလို့မရဘူး....၆ နာရီ ထိုးတာနဲ့...ကျွန်တော့်မျက်စိရှေ့ရောက်နေတာကို..လိုချင်တာနော်...နောက်ပြီး..တစ်ပွဲတည်းဝယ်ရမှာမဟုတ်ဘူး....." ဟူ၍ မှာလိုက်တဲ့အမှာ ဆိုတာ ကျွန်တော်မနည်းလိုက်မှတ်ရသည်။

"အဲ့ဒါ တွေအကုန်ပါမှနော်...လွဲလို့မရဘူး...အိပ်ယာထပျင်းတဲ့..ကိုလင်းအတွက်တော့..ကြိုးစားပေါ့နော်..."ဟူ၍ပြောကာ ထထွက်သွားလေသည်။

"အကို....မှာထားတာတွေရပြီ..." ဟူသော ကောင်လေးအသံကြားမှ အတွေးတို့ ရုတ်သိမ်းကာ ပိုက်ဆံရှင်းပြီး ထွက်လာခဲ့သည်။

နာရီကြည့်မိတော့ ၆နာရီ ၁၅ မိနစ် ဖြစ်ပေပြီ။
"တတ်နိုင်ဘူးလေ...မြန်မြန်တော့သွားရမှာပေါ့...." ဟူ၍ လာတုန်းကလောက်တော့ မမြန်နိုင်တော့ပေမယ့် ရသလောက်မြန်မြန် နင်းကာ လာခဲ့မိသည်။

'သြော်..ငါ့ကိုယ်ငါ..ဘာတွေလုပ်မိမှန်းတောင်..မသိတော့ဘူး..သွေးသစ်ရယ်..အိပ်ယာထပျင်းတဲ့.. ငါ့လိုကောင်က..ခုမနက်စောစောစီးစီး..လမ်းမပေါ်မှာ စက်ဘီးတစ်စီးနှင့်... အိမ်ကဘာခိုင်းခိုင်း..ပျင်းတယ်ဗျာ..မလုပ်ချင်ဘူးလို့...အမြဲခိုကပ်နေတဲ့..လူက..ခုတော့ မုန့်ဟင်းခါးထုပ်မနိုင်မနင်းနဲ့...မငြီးမငြူ..........."ဟူ၍ တစ်ယောက်တည်း ကြိတ်ပြုံး၍သာ နေမိသည်။

&&&&&&&&&&&&&&&&&

ပြတင်းပေါက်မှ နေရိပ်မြင်သိနှင့် မျက်လုံးများက ဆက်အိပ်မရတော့ပေ။ နာရီကြည့်မိတော့ ပုံမှန်ချိန် ၆ နာရီထိုးနေပေပြီ။ လူတစ်ယောက်အကြောင်းတွေးမိ၍ ပြုံးမိသည်။ဖေဖေကတော့ မနေ့တည်းက နေပြည်တော်ကို အလုပ်ကိစ္စဖြင့် သွား၍ မရှိမှန်းသူသိသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Место, где живут истории. Откройте их для себя